ထိုအခါ ဧလိရှဲက သူတို့အား “ဤလမ်းမဟုတ်ပါ။ ဤမြို့လည်း မဟုတ်ပါ။ ငါ့နောက်လိုက်ခဲ့ကြ။ သင်တို့ရှာနေသောသူထံ ငါခေါ်သွားပေးမည်”ဟု ဆိုကာ သူတို့ကို ရှမာရိမြို့သို့ ခေါ်သွားလေ၏။
ယေရမိ 38:27 - မြန်မာ့စံမီသမ္မာကျမ်း မှူးမတ်အပေါင်းတို့ကလည်း ယေရမိထံ လာ၍မေးမြန်းကြလေ၏။ သူကလည်း ရှင်ဘုရင်မှာထားသည့်အတိုင်း သူတို့အား ပြန်ပြော၏။ ရှင်ဘုရင်နှင့် ပြောဆိုခဲ့သောစကားများကို မည်သူမျှမကြားသိကြသောကြောင့် သူတို့လည်း ဆက်မမေးကြတော့ချေ။ Common Language Bible မှူးမတ်အပေါင်းတို့သည်ငါ့ထံလာ၍စစ် ဆေးမေးမြန်းကြ၏။ သို့ရာတွင်ငါသည် မိမိကိုမင်းကြီးသင်ကြားပေးထားသည့် အတိုင်းသာလျှင် တိကျစွာပြန်လည်ဖြေ ကြားလိုက်လေသည်။ အဘယ်သူမျှလည်း မင်းကြီးနှင့်ငါပြောဆိုသောစကားများ ကိုကြားခဲ့ရသူမရှိသဖြင့်သူတို့သည် အဘယ်သို့မျှမပြုနိုင်ကြတော့ချေ။ Garrad Bible ထို့ နောက်၊ မှူး မတ် တို့ သည်၊ ရောက် လာ မေး မြန်း ကြ ရာ၊ ဘု ရင် မင်း မိန့် မှာ သ မျှ အ တိုင်း သာ၊ ယေ ရ မိ ပြန် ပြော သ ဖြင့်၊ အ မှု အ ရေး မ ပေါ် ပေါက် သည့် အ တွက် ဆိတ် ဆိတ် ပြန် ကြ လေ ၏။ Judson Bible ထိုအခါ မှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲနေကြ၏။ ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။ |
ထိုအခါ ဧလိရှဲက သူတို့အား “ဤလမ်းမဟုတ်ပါ။ ဤမြို့လည်း မဟုတ်ပါ။ ငါ့နောက်လိုက်ခဲ့ကြ။ သင်တို့ရှာနေသောသူထံ ငါခေါ်သွားပေးမည်”ဟု ဆိုကာ သူတို့ကို ရှမာရိမြို့သို့ ခေါ်သွားလေ၏။
ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ်တို့ကြားသိပြီး သင့်ထံသို့လာ၍ ‘သင်သည် ရှင်ဘုရင်အား မည်သည့်စကားလျှောက်ဆို၍ ရှင်ဘုရင်ကလည်း သင့်အား မည်သည့်စကားမိန့်ဆိုသည်ကို ငါတို့အား ပြောပြပါ။ ဖုံးကွယ်မထားပါနှင့်။ သင့်ကိုမသတ်ပါ’ဟု ဆိုလာလျှင်
သင်က ‘အကျွန်ုပ်ကို ယောနသန်အိမ်သို့ ပြန်မပို့ပါနှင့်။ ပြန်ပို့လျှင် ထိုအိမ်၌ အကျွန်ုပ်သေရပါလိမ့်မည်ဟု မင်းကြီးအား အကျွန်ုပ်တောင်းဆိုပါ၏’ဟူ၍ ပြန်ဖြေလော့”ဟု မိန့်ဆို၏။
ယေရမိသည် ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသည့်နေ့တိုင်အောင် ထောင်ဝင်းထဲတွင်နေရ၏။ ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသောအချိန်၌ သူသည် ထောင်ဝင်းထဲတွင်ရှိနေ၏။
ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။