ရှင်ဘုရင်သည် နန်းတော်ဝင်းအတွင်း၌ရပ်နေသော မိဖုရားဧသတာကို မြင်လျှင် ချစ်ကြင်နာစိတ်ဖြစ်၍ ရှင်ဘုရင်သည်လည်း လက်ထဲရှိရွှေရာဇလှံတံကို ဧသတာအားကမ်းပေးလေ၏။ ဧသတာလည်း အနီးသို့လာ၍ ရာဇလှံတံ၏ထိပ်ဖျားကို တို့လေ၏။
ယေရမိ 38:10 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်ကလည်း အီသီယိုးပီးယားအမျိုးသားဧဗဒမေလက်အား “ပရောဖက်ယေရမိမသေမီ သင့်လက်အောက်ငယ်သား လူအယောက်သုံးဆယ်ကိုခေါ်၍ သူ့ကို ရေတွင်းထဲမှ ထုတ်ယူလော့”ဟု မိန့်ဆို၏။ Common Language Bible ထိုအခါမင်းကြီးသည်ဧဗဒမေလက်အား ထိုအရပ်တွင်ရှိသည့်လူသုံးယောက်ကိုခေါ် ယူကာ ယေရမိမသေမီရေတွင်းထဲမှဆယ် ယူစေတော်မူ၏။- Garrad Bible ဘု ရင် မင်း က လူ သုံး ဆယ် ကို ခေါ် သွား၍ ပ ရော ဖက် ယေ ရ မိ မ သေ မီ ရေ တွင်း မှ ဆယ် ကြ လော့ ဟူ သော အ မိန့် တော် အ တိုင်း၊ Judson Bible ရှင်ဘုရင်က၊ ပရောဖက်ယေရမိ မသေမီ ဤအရပ်မှ လူသုံးဆယ်ကိုခေါ်သွား၍၊ မြေတွင်းထဲက နုတ်ယူလော့ဟု၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့်တော်ရှိ၏။ |
ရှင်ဘုရင်သည် နန်းတော်ဝင်းအတွင်း၌ရပ်နေသော မိဖုရားဧသတာကို မြင်လျှင် ချစ်ကြင်နာစိတ်ဖြစ်၍ ရှင်ဘုရင်သည်လည်း လက်ထဲရှိရွှေရာဇလှံတံကို ဧသတာအားကမ်းပေးလေ၏။ ဧသတာလည်း အနီးသို့လာ၍ ရာဇလှံတံ၏ထိပ်ဖျားကို တို့လေ၏။
ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာနှင့် ဂျူးလူမျိုးမော်ဒကဲအား “ဟာမန်သည် ဂျူးလူမျိုးတို့ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သောကြောင့် သူ့ကို သစ်တိုင်မှာဆွဲထားစေလေပြီ။ ဟာမန်၏အိမ်ကိုလည်း ဧသတာအား ပေးအပ်လေပြီ။
“ဆိုးယုတ်သောသူတို့၏ဦးချိုရှိသမျှတို့ကို ငါပိုင်းဖြတ်မည်။ ဖြောင့်မတ်သောသူတို့၏ဦးချိုသည် ချီးမြှောက်ခြင်းခံရလိမ့်မည်။”
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ဧဗဒမေလက်သည်လည်း သူ၏လက်အောက်ငယ်သားတို့ကိုခေါ်ပြီး ဘုရင့်နန်းတော်ဘဏ္ဍာတိုက်အောက်သို့ဝင်၍ ထိုနေရာမှ အဝတ်စုတ်၊ အဝတ်ဟောင်းတို့ကိုယူပြီးလျှင် ထိုအဝတ်တို့ကို ယေရမိရှိရာတွင်းထဲသို့ ကြိုးနှင့်လျှောချပေး၏။
ယေရမိအား ရေတွင်းထဲသို့ ပစ်ချကြောင်းကို ဘုရင့်နန်းတော်ရှိ အီသီယိုးပီးယားအမျိုးသား မိန်းမစိုး ဧဗဒမေလက်ကြားသိလျှင် ဗင်္ယာမိန်တံခါး၌ ရှင်ဘုရင်ထိုင်နေစဉ်
“အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။