အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
ယေရမိ 35:2 - မြန်မာ့စံမီသမ္မာကျမ်း “သင်သည် ရေခပ်အမျိုးသားတို့ထံ သွား၍စကားပြောလော့။ သူတို့ကို ထာဝရဘုရား၏အိမ်တော်အခန်းတစ်ခုသို့ ခေါ်လာ၍ စပျစ်ဝိုင်ကိုတိုက်လော့”ဟု မိန့်ဆို၏။ Common Language Bible ``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။- Judson Bible သင်သည် ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့် နှုတ်ဆက်ပြီးမှ၊ ဗိမာန်တော် အခန်းတစ်ခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကို တိုက်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ |
အိမ်တော်ပတ်ပတ်လည်တွင် အမြင့်ငါးတောင်ရှိသောအခန်းငယ်များ ဆောက်လုပ်ထားပြီး ထိုအခန်းများကို သစ်ကတိုးသားရက်မများဖြင့် အိမ်တော်နှင့်တွဲဆက်ထား၏။
မြေညီထပ်ရှိဝင်ပေါက်မှာ အိမ်တော်၏ယာဘက်ခြမ်းတွင်ရှိ၏။ ကြောင်လိမ်လှေကားဖြင့် အလယ်ထပ်၊ တတိယထပ်တို့သို့ တက်ရောက်နိုင်၏။
ယာဗက်မြို့တွင်နေထိုင်သော စာရေးတော်ကြီးမျိုးနွယ်စုများ၊ တိရသိလူမျိုး၊ ရှိမသိလူမျိုး၊ စုခသိလူမျိုးတို့ ဖြစ်ကြ၏။ ဤသူတို့သည် ရေခပ်အမျိုးအနွယ်၏ဖခင်ဟမ္မတ်မှဆင်းသက်လာသော ကေနိလူမျိုးများဖြစ်၏။
သူတို့၏တာဝန်မှာ အာရုန်၏သားမြေးများ ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်သောအခါ ဝိုင်းကူပေးရန်ဖြစ်၏။ အိမ်တော်ဝင်း၊ အိမ်တော်အခန်းများ၊ သန့်ရှင်းရာဌာနရှိအရာအားလုံး သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ရန်နှင့် ဘုရားသခင်၏အိမ်တော်အမှုကို ထမ်းဆောင်ရန်အတွက်ဖြစ်၏။
ထို့ပြင် ဒါဝိဒ်မင်းကြီး၏စိတ်ထဲတွင်ပေါ်လာသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်ဝင်းအပါအဝင် ပတ်လည်အခန်းများအားလုံး၊ ဘုရားသခင်အိမ်တော်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာသိုလှောင်ရုံ စသည်တို့၏ပုံစံများကိုပါ ပေးအပ်လေ၏။
သစ္စာရှိသောလေဝိအမျိုးသားတံခါးမှူးလေးယောက်မှာ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်နှင့် အခန်းများကို စောင့်ကြပ်ပေးရ၏။
အိမ်တော်အခန်းများတွင်နေထိုင်ရသော လေဝိမျိုးနွယ်စုခေါင်းဆောင်သီချင်းသည်တို့သည် နေ့ရောညပါအမှုတော်ထမ်းရသောကြောင့် အခြားတာဝန်များနှင့် ကင်းလွတ်ခွင့်ရကြ၏။
ရွှေသံမှိုများ၏အလေးချိန်မှာ ရှယ်ကယ်ငါးဆယ်ရှိ၏။ အထက်ခန်းများကိုလည်း ရွှေနှင့်မွမ်းမံထား၏။
ထို့နောက် ဟေဇကိမင်းကြီးက ထာဝရဘုရား၏အိမ်တော်၌ သိုလှောင်ခန်းများကို ပြင်ဆင်ထားရန် မိန့်မှာသဖြင့် သူတို့သည်လည်း သိုလှောင်ခန်းများကို အသင့်ပြင်ဆင်ထားကြ၏။
ဂျေရုဆလင်မြို့ရှိထာဝရဘုရား၏အိမ်တော်ခန်းတွင် ယဇ်ပုရောဟိတ်အပါအဝင် လေဝိသားတို့၏ခေါင်းဆောင်များ၊ အစ္စရေးလူမျိုး ဘိုးဘေးတို့၏အကြီးအကဲများရှေ့တွင် ထိုပစ္စည်းတို့ကို ချိန်တွယ် မပြီးမချင်း ဂရုတစိုက်စောင့်ရှောက်ရမည်”ဟု မှာလိုက်၏။
သူ့အား အခန်းကြီးတစ်ခန်းကို ပေးထား၏။ ထိုအခန်းသည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ အသုံးအဆောင်ပစ္စည်းများနှင့်တကွ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များကို ပညတ်တော်အတိုင်းပေးရသော ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့နှင့် ယဇ်ပုရောဟိတ်တို့အတွက် အလှူပစ္စည်းတို့ကို သိုထားသောအခန်းဖြစ်၏။
ငါကလည်း ဟာဗဇိညာ၏သားဖြစ်သော ယေရမိ၏သား ယာဇညာနှင့်တကွ သူ့ညီအစ်ကိုများ၊ သူ့သားများအပါအဝင် ရေခပ်တစ်မျိုးသားလုံးကို ခေါ်၍
ဘုရားသခင်၏လူ ဣဂဒါလိ၏သားဖြစ်သော ဟာနန်၏သားတို့ အခန်းသို့ သွား၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အတွင်းရှိ ရှလ္လုံ၏သား တံခါးစောင့်မာသေယနေသောအခန်း၏အပေါ်ထပ်၌ရှိသော အကြီးအကဲများ၏အခန်းနှင့်ကပ်လျက်ရှိ၏။
အကျွန်ုပ်တို့ဘိုးဘေး ရေခပ်၏သားယောနဒပ် မှာထားသမျှစကားတို့ကို အကျွန်ုပ်တို့နာခံပါ၏။ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏မယား၊ သားသမီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး စပျစ်ဝိုင်ကို မသောက်ကြပါ။
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။