နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
ယေရမိ 34:19 - မြန်မာ့စံမီသမ္မာကျမ်း နွားသငယ်ထက်ခြမ်းအလယ်၌ လျှောက်သွားသော ယုဒလူမျိုးအကြီးအကဲများနှင့်တကွ ဂျေရုဆလင်မြို့အကြီးအကဲများ၊ နန်းတွင်းအကြီးအကဲများ၊ ယဇ်ပုရောဟိတ်များနှင့် ပြည်သူပြည်သားအားလုံးတို့ကို Garrad Bible ထို နွား ခြမ်း ကြား တွင် လျှောက် သွား သူ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ မှူး မတ် များ မှ စ၍၊ မိန်း မ စိုး များ၊ ပ ရော ဟိတ် များ နှင့် ပြည် သူ ပြည် သား များ ကို၊ Judson Bible ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရောဟိတ်အစရှိသော၊ နွားသငယ် ထက်ခြမ်းအလယ်သို့ လျှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊ |
နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ဤသို့ဖြင့် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ဖမ်းခေါ်သွား၏။ ရှင်ဘုရင်၏မယ်တော်၊ ရှင်ဘုရင်၏မိဖုရားများ၊ မှူးမတ်များနှင့် တိုင်းပြည်အကြီးအကဲအားလုံးတို့ကိုလည်း ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားလေ၏။
ယေခေါနိမင်းကြီး၊ မယ်တော်၊ နန်းတွင်းအကြီးအကဲများ၊ ယုဒပြည်ဂျေရုဆလင်မြို့၏မှူးမတ်များမှစ၍ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ ဂျေရုဆလင်မြို့မှ ထွက်သွားပြီးနောက်တွင် ရေးသား၍
ပဋိညာဉ်ဖွဲ့ရာတွင် ပါဝင်သောအကြီးအကဲများနှင့် ပြည်သူပြည်သားအပေါင်းတို့က ကိုယ့်ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို လွတ်မြောက်ခွင့်ပေးရမည်။ ဘယ်သောအခါမှ ကျွန်ပြန်မပြုရဟူသောပဋိညာဉ်ပါအချက်ကို သဘောတူနာခံ၍ ကျွန်တို့ကို လွှတ်ပေးကြ၏။
ယေရမိအား ရေတွင်းထဲသို့ ပစ်ချကြောင်းကို ဘုရင့်နန်းတော်ရှိ အီသီယိုးပီးယားအမျိုးသား မိန်းမစိုး ဧဗဒမေလက်ကြားသိလျှင် ဗင်္ယာမိန်တံခါး၌ ရှင်ဘုရင်ထိုင်နေစဉ်
ဘေဘီလုံဘုရင်သည် ရိဗလမြို့၌ ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
ကိုယ်တော်၏အစေအပါး ပရောဖက်တို့က နာမတော်ကိုအမှီပြု၍ အကျွန်ုပ်တို့၏ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ ပြည်သူပြည်သားတို့အား ဟောပြောခဲ့သည်ကို အကျွန်ုပ်တို့ နားမထောင်ခဲ့ပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားမိကြသောကြောင့် အရှက်ကွဲ၍ မျက်နှာပျက်ကြရပါပြီ။