ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
ယေရမိ 32:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် အာနသုတ်မြို့ရှိ ငါ့ဘထွေး၏သား ဟာနမေလထံမှ လယ်ကိုဝယ်ယူလေ၏။ သူ့ကို ငွေတစ်ဆယ့်ခုနစ်ရှယ်ကယ် ချိန်ပေးလေ၏။ Common Language Bible ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။- Garrad Bible အာ န သုတ် ခ ရိုင် ရှိ ထို မြေ ကွက် ကို၊ ဘ ထွေး၏ သား ဟာ န မေ လ ထံ မှ ၀ယ်၍၊ ငွေ တစ် ဆယ့် ခု နစ် ကျပ် ကို ချိန် ခြင်း၊ စာ ချုပ် ခြင်း၊ Judson Bible အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဖိုးငွေ တစ်ဆယ်ခုနစ်ကျပ် ကို ချိန်ပေးလေ၏။ |
ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
ရှင်ဘုရင်ကြွလာသောအခါ သူသည် အော်ဟစ်လျက် ရှင်ဘုရင်အား “ကျွန်တော်မျိုးသည် တိုက်ပွဲထဲသို့ ရောက်ခဲ့ပါ၏။ လူတစ်ယောက်က အကျွန်ုပ်ထံသို့ လူတစ်ယောက်ကို ခေါ်လာပြီး ‘ဤသူကို စောင့်ရှောက်ပါ။ သူထွက်ပြေးပျောက်ဆုံးသွားလျှင် သူ့အသက်အဖို့ သင့်အသက်၊ သို့မဟုတ် ငွေတစ်တာလန်ကို ပေးလျော်ရမည်’ဟု အကျွန်ုပ်အား ဆိုပါ၏။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
အရှင်မင်းကြီးအလိုတော်ရှိလျှင် သူတို့ကိုဖျက်ဆီးပစ်ရန် အမိန့်စာထုတ်တော်မူပါ။ အကျွန်ုပ်သည်လည်း အရှင်မင်းကြီး၏ဘဏ္ဍာတိုက်ထဲသို့သွင်းရန် ငွေတာလန်တစ်သောင်းကို ဤအမှုဆောင်ရွက်သူတို့၏လက်သို့ အပ်ပါမည်”ဟု လျှောက်လေ၏။
နွားသည် ကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကိုဝှေ့လျှင် ထိုကျွန်၏သခင်အား ငွေရှယ်ကယ်သုံးဆယ်ပေးရမည်။ နွားကိုလည်း ခဲနှင့်ပေါက်သတ်ရမည်။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ထိုမုန့်ကို တစ်နေ့လျှင် အချိန်နှစ်ဆယ်ရှယ်ကယ် ချိန်၍ စားရမည်။ သတ်မှတ်ထားသောအချိန်တွင် စားရမည်။
ထို့ကြောင့် ငါသည် ထိုမိန်းမကို ငွေတစ်ဆယ့်ငါးရှယ်ကယ်နှင့် မုယောဆန်တစ်ဟောမဲခွဲဖြင့် ဝယ်ယူ၏။