လူတိုင်း ကိုယ့်အပြစ်ကြောင့် ကိုယ်သေရမည်။ ချဉ်သောစပျစ်သီးကိုစားသောသူတိုင်း သွားကျိန်းလိမ့်မည်။
စပျစ်ချဉ်သီးကိုစားသူမှန်သမျှသည် မိမိတို့ ကိုယ်တိုင်သွားကျိန်းရကြလိမ့်မည်။ လူတိုင်းပင် မိမိတို့အပြစ်အတွက်သေရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အ ကြင် သူ သည် ချဉ် သော စ ပျစ် သီး ကို သုံး ဆောင် အံ့၊ ထို သူ သည် သွား ကျိန်း ခံ ရ၍၊ လူ တိုင်း၊ ကိုယ့် ဒု စ ရိုက် ကြောင့်၊ သေ ဒဏ် ခံ ရ လ တ္တံ့ ဟု မိန့် တော် မူ ၏။
လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကိုခံရမည်။
သို့သော် သူသည် “သားသမီးကြောင့် ဖခင်ကို မသတ်ရ။ ဖခင်ကြောင့် သားသမီးကို မသတ်ရ။ လူတိုင်း ကိုယ့်အပြစ်နှင့်ကိုယ်သာ အသတ်ခံရမည်”ဟု မောရှေပညတ္တိကျမ်းတွင်ရေးသားထားသော ထာဝရဘုရား၏ပညတ်ချက်အတိုင်း ခမည်းတော်အားလုပ်ကြံသောသူတို့၏သားသမီးများကိုမူ မကွပ်မျက်ခဲ့ပေ။
သူပျက်စီးသွားသည်ကို သူ့မျက်စိမြင်ရပါစေ။ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သူသောက်ရပါစေ။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
အပြစ်ပြုသောဝိညာဉ်သည် သေရမည်။ သားသည် ဖခင်၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖခင်သည်လည်း သား၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် သူ၏ဖြောင့်မတ်ခြင်းအကျိုးကို ခံစားရလိမ့်မည်။ ဆိုးယုတ်သောသူသည် သူ၏ဆိုးယုတ်ခြင်းအကျိုးကို ခံရလိမ့်မည်။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
ထိုအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်၍ ငါ့ကို မတ်တတ်ရပ်စေပြီး “သင့်အိမ်သို့ပြန်သွား၍ ပုန်းနေလော့။
ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရမည်ဟု ငါဆိုသော်လည်း သူသည် ဖြောင့်မတ်ခြင်းကိုမှီ၍ မကောင်းမှုကိုပြုလျှင် သူဖြောင့်မတ်ခဲ့သမျှကို ပြန်လည်အမှတ်ရမည်မဟုတ်။ သူပြုခဲ့သောမကောင်းမှုကြောင့် သေရလိမ့်မည်။
ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုအမှုကြောင့် သူသေရမည်။
ဆိုးယုတ်သောသူအား ငါက ‘အချင်းဆိုးယုတ်သောသူ၊ သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့်ပင် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်လှည့်စေရန် သင်သည် သူ့ကိုသတိမပေးလျှင် သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သူ့အသက်ကို သင့်ထံ ငါပြန်တောင်းမည်။
အကြောင်းမူကား လူတိုင်းသည် မိမိဝန်ကိုထမ်းရမည်ဖြစ်၏။
ဖခင်သည် သားသမီးအပြစ်ကြောင့် သေဒဏ်မခံရ။ သားသမီးသည်လည်း ဖခင်အပြစ်ကြောင့် သေဒဏ်မခံရ။ လူတိုင်း မိမိအပြစ်ကြောင့် သေဒဏ်ခံရမည်။
ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။