ထိုနေ့ရက်တွင် သူတို့သည် သမုဒ္ဒရာမြည်ဟည်းသကဲ့သို့ မာန်ဖီကြလိမ့်မည်။ ထိုပြည်ကိုကြည့်လျှင် ဆင်းရဲဒုက္ခအမှောင်ထုသာရှိ၏။ မိုးတိမ်များကြောင့် အလင်းသည် မှောင်မိုက်လေ၏။
ယေရမိ 30:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ကြောက်ရွံ့အော်ဟစ်သံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းအတိသာရှိ၏။ Common Language Bible ထာဝရဘုရားက``ငါသည်ထိတ်လန့်၍အော် ဟစ်သော အသံကိုကြားရ၏။ ထိုအသံသည်ငြိမ်းချမ်းသာယာသည့်အသံ မဟုတ်။ ကြောက်လန့်၍အော်ဟစ်သည့်အသံဖြစ်၏။ Judson Bible ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံ့ဖွယ်သော အကြောင်းသာ ရှိ၏။ |
ထိုနေ့ရက်တွင် သူတို့သည် သမုဒ္ဒရာမြည်ဟည်းသကဲ့သို့ မာန်ဖီကြလိမ့်မည်။ ထိုပြည်ကိုကြည့်လျှင် ဆင်းရဲဒုက္ခအမှောင်ထုသာရှိ၏။ မိုးတိမ်များကြောင့် အလင်းသည် မှောင်မိုက်လေ၏။
ငါတို့ရှိသမျှသည် ဝက်ဝံကဲ့သို့မာန်ဖီ၍ ခိုငှက်ကဲ့သို့ အလွန်ညည်းကြ၏။ တရားမျှတမှုကိုစောင့်မျှော်သော်လည်း မရနိုင်။ ကယ်တင်ခြင်းကိုစောင့်မျှော်သော်လည်း ငါတို့နှင့်ဝေးလှ၏။
အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။
သိုးထိန်းတို့၏အော်ဟစ်ငိုကြွေးသံ၊ သိုးစုခေါင်းဆောင်တို့၏မြည်တမ်းသံကို ကြားရ၏။ ထာဝရဘုရားသည် သူတို့၏စားကျက်ကို ဖျက်ဆီးတော်မူပြီ။
ဤသည်ကား အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
ငါမြင်ရသောအရာကား အဘယ်နည်း။ သူတို့ ကြောက်၍ နောက်ပြန်ဆုတ်ကြပါသည်တကား။ သူတို့၏စစ်သူရဲတို့သည် ချေမှုန်းခြင်းခံရသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ ဘေးလွတ်ရာသို့ထွက်ပြေးကြပါသည်တကား။ ကြောက်လန့်စရာများ ဝိုင်းရံနေပါသည်တကား”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာမည်။ မြေကြီးစွန်းမှ လူမျိုးကြီးတစ်မျိုး ထကြွမည်။
အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။
ဒန်ပြည်မှ မြင်းနှာမှုတ်သံကိုကြားရ၏။ စစ်မြင်းတို့၏ဟီသံကြောင့် တစ်ပြည်လုံးတုန်ခါလေ၏။ ရန်သူတို့သည် ရောက်လာ၍ ပြည်နှင့်ပြည်ထဲရှိအရာအားလုံးတို့ကိုလည်းကောင်း၊ မြို့နှင့်မြို့သူမြို့သားတို့ကိုလည်းကောင်း ဝါးမျိုလေပြီ။
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”
‘ငါတို့ ဖျက်ဆီးခြင်းခံရပြီတကား။ ငါတို့ အရှက်တကွဲအကျိုးနည်းဖြစ်ရပြီတကား။ သူတို့သည် ငါတို့နေထိုင်ရာအရပ်ကို ဖြိုဖျက်ပြီဖြစ်၍ ငါတို့သည် ပြည်ကိုစွန့်ခွာကြရပြီ’ဟူသော ဇိအုန်မြို့၌ မြည်တမ်းသောအသံကို ကြားရပြီ”ဟု မိန့်တော်မူ၏။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် ရှင်ဘုရင်များကို ပြောင်လှောင်ကြ၏။ အုပ်ချုပ်သူတို့ကို သရော်ကြ၏။ ခံတပ်ရှိသမျှကို ဟားတိုက်ရယ်မောကြ၏။ မြေဖို့ပြီး ခံတပ်များကို တိုက်ခိုက်သိမ်းယူကြ၏။
ကြည့်ရှုလော့။ ရက်စက်ကြမ်းကြုတ်၍ စိတ်လိုက်မာန်ပါလုပ်တတ်သောခါလဒဲလူမျိုးတို့ကို ငါထကြွစေမည်။ သူတို့သည် သူတို့ပိုင်နက်မဟုတ်သောမြေတစ်ပြင်လုံးသို့ စစ်ချီ၍ သိမ်းပိုက်လိမ့်မည်။