ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ယေရမိ 3:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။ Common Language Bible ဣသရေလသည်ယုဒနှင့်ပေါင်း၍လူတို့ နှင့်အတူမြောက်အရပ်မှ သင်တို့ဘိုးဘေး များအားငါအပိုင်ပေးအပ်ခဲ့သည့်ပြည် သို့လာရောက်ကြလိမ့်မည်'' ဟုပြောကြား စေတော်မူ၏။ Garrad Bible ထို ကာ လ၊ ယု ဒ အ မျိုး သား တို့ သည်၊ ဣ သ ရေ လ အ မျိုး သား တို့ နှင့် လိုက် လျော လျက်၊ သင် တို့ ဘိုး ဘေး များ အား၊ ငါ အ ပိုင် ပေး ခဲ့ သော ပြည် သို့၊ မြောက် ပိုင်း မှ အ တူ လာ ရောက် ကြ လိမ့် မည်။ Judson Bible ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုးနှင့် ပေါင်းဖော်လျက်၊ မြောက်မျက်နှာအရပ်က တစ်စုတည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဖို့၊ ငါပေးဖူးသောပြည်သို့ရောက်ကြလိမ့်မည်။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
မကြောက်နှင့်။ ငါသည် သင်နှင့်အတူရှိ၏။ အရှေ့အရပ်မှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်အရပ်မှ သင့်ကို ငါစုစည်းမည်။
မြောက်အရပ်အား ‘ပေးလော့’၊ တောင်အရပ်အား ‘မထိန်းချုပ်ထားနှင့်’ဟု ငါဆိုမည်။ ဝေးသောအရပ်မှ ငါ့သားများနှင့် မြေကြီးစွန်းမှ ငါ့သမီးများကို ခေါ်ဆောင်ခဲ့လော့။
မြောက်ဘက်အရပ်သို့လည်းကောင်း၊ အပြည်ပြည်သို့လည်းကောင်း နှင်ထုတ်ခံရသော အစ္စရေးအမျိုးသားတို့ကို ပြန်လည်ခေါ်ဆောင်လာသောထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဟု ပြောဆိုရမည့်အချိန် ရောက်လာမည်။ ငါသည် သူတို့၏ဘိုးဘေးတို့အား ပေးခဲ့သောပြည်သို့ သူတို့ကိုပြန်လည်ခေါ်ဆောင်လာမည်’ဟု မိန့်တော်မူ၏။
‘မြောက်ဘက်အရပ်မှ၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှ အစ္စရေးအမျိုးသား သားစဉ်မြေးဆက်တို့ကို ပြန်လည်ခေါ်ဆောင်လာသောထာဝရဘုရား အသက်ရှင်တော်မူသည်’ဟု ပြောဆိုရမည့်အချိန် ရောက်လာမည်။ သူတို့သည် နေရင်းပြည်၌ နေထိုင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်သည် မြောက်အရပ်သို့သွား၍ ဤသတင်းစကားတို့ကို ဟစ်ကြော်ပြောဆိုလော့။ ‘အို လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုး၊ ပြန်လာလော့’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် ကရုဏာထားသည်ဖြစ်၍ သင့်အပေါ် အမျက်ကျရောက်စေမည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် အမျက်အစဉ်ထွက်မည်မဟုတ်။
ထာဝရဘုရားမိန့်တော်မူသည်မှာ ‘ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသော ငါ့လူမျိုးတော်အစ္စရေးနှင့်ယုဒတို့ကို ငါပြန်လာစေသောနေ့ ရောက်လာပြီ။ ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်သို့ သူတို့ကို ပြန်လာစေသဖြင့် ထိုပြည်ကို သူတို့ပြန်လည်ပိုင်ဆိုင်ရလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါသည် ထိုသူတို့ကို မြောက်ဘက်အရပ်မှ ခေါ်ဆောင်လာမည်။ မြေကြီးစွန်းမှ ခေါ်ယူစုစည်းမည်။ သူတို့နှင့်အတူ မျက်စိမမြင်သူ၊ ခြေမသန်သူ၊ ကိုယ်ဝန်ဆောင်သူ၊ မီးဖွားခါနီးသူပါသော လူအုပ်ကြီးသည် ဤအရပ်သို့ ပြန်လာကြလိမ့်မည်။
ထာဝရဘုရားက “ထိုနေ့ရက်၊ ထိုအချိန်၌ အသက်ရှင်ကျန်ရစ်သောသူတို့ကို ငါခွင့်လွှတ်မည်ဖြစ်၍ အစ္စရေးလူမျိုး၏ဒုစရိုက်ကို ရှာသော်လည်း တွေ့မည်မဟုတ်။ ယုဒလူမျိုး၏အပြစ်ကိုရှာသော်လည်း တွေ့မည်မဟုတ်”ဟု မိန့်တော်မူ၏။
“ထိုနေ့ရက်၊ ထိုအချိန်၌ အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် အတူပြန်လာကြမည်။ ငိုကြွေးလျက် ပြန်လာ၍ သူတို့၏ဘုရားသခင် ထာဝရဘုရားကို ရှာဖွေကြလိမ့်မည်။
‘လာကြ။ မပျက်ပြယ်နိုင်သောထာဝရပဋိညာဉ်ဖြင့် ထာဝရဘုရားနှင့်မိတ်သဟာယဖွဲ့ကြစို့’ဟု ဆိုလျက် ဇိအုန်မြို့ဘက်သို့လှည့်၍ ဇိအုန်မြို့သို့သွားသောလမ်းကို မေးမြန်းကြလိမ့်မည်။
သင်တို့ဘိုးဘေးတို့အား ငါအပိုင်ပေးသော ဤပြည်၊ ဤအရပ်၌ သင်တို့ကို နေထိုင်စေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက သင်တို့ကို လူမျိုးတကာတို့မှ ပြန်လည်စုစည်းမည်။ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ သင်တို့ကို ပြန်ခေါ်လာမည်။ အစ္စရေးပြည်ကို သင်တို့အား ပြန်ပေးမည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
“ဧဖရိမ်သည် မုသားသုံး၍ ငါ့ကိုလှည့်စား၏။ အစ္စရေးအမျိုးအနွယ်သည် ငါ့ကိုလိမ်လည်လှည့်ဖြား၏။ ယုဒသည် သန့်ရှင်း၍ သစ္စာစောင့်သောဘုရားကို ဆန့်ကျင်လေပြီ။
“သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။
သူတို့ကို နေရင်းပြည်၌ စိုက်ထားမည်။ ငါပေးသောပြည်မှ သူတို့ ဆွဲနုတ်ခြင်းခံရတော့မည်မဟုတ်”ဟု သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
ငါသည် ယုဒအမျိုးအနွယ်ကို ခွန်အားနှင့်ပြည့်စေမည်။ ယောသပ်အမျိုးအနွယ်ကို ကယ်တင်မည်။ သူတို့ကိုသနားစုံမက်သောကြောင့် ပြန်လည်ခေါ်ဆောင်လာမည်။ သူတို့သည် ငါမစွန့်ပယ်ဖူးသောသူကဲ့သို့ ဖြစ်မည်။ ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသောကြောင့် သူတို့ကို ငါထူးမည်။
ထာဝရဘုရားက “ထွက်ပြေးကြ၊ ထွက်ပြေးကြ၊ မြောက်အရပ်မှ ထွက်ပြေးကြ။ မိုးကောင်းကင် လေးမျက်နှာသို့ သင်တို့ကို ငါကွဲလွင့်စေပြီ”ဟု မိန့်တော်မူ၏။