ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
ယေရမိ 29:6 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမယူ၍ သားသမီးများကို မွေးဖွားကြလော့။ သားများကိုလည်း မိန်းမယူစေလော့။ သမီးများကိုလည်း ယောက်ျားယူစေလော့။ သားသမီးများ မွေးဖွားစေကြလော့။ ထိုအရပ်၌ မလျော့နည်းဘဲ တိုးပွားကြလော့။ Common Language Bible အိမ်ထောင်သားမွေးမှုတို့ကိုပြုစေကြလော့။ သင်တို့၏သားသမီးတို့အားသားသမီးမွေး ဖွားစေရန်အိမ်ထောင်ပြုစေကြလော့။ သင်တို့ တွင်လူဦးရေတိုးပွားစေရမည်။ မဆုတ်ယုတ် စေရ။- Garrad Bible မြေး များ ရ စေ ရန် ကိုယ့် သား သ မီး တို့ ကို ပေး စား ထိမ်း မြား ခြင်း ပြု လျက်၊ ထို မြို့၌ ပင် မ တိမ် ကော ဘဲ တိုး ပွား ကြ လော့။ Judson Bible ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကိုဖွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးစား၍၊ တစ်ဖန် သားသမီးကို ဖွားမြင်စေကြလော့။ |
ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
ရေဗက္ကာသည် သင့်ရှေ့၌ရှိ၏။ သူ့ကိုခေါ်သွားပါ။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင်၏သားအတွက် မယားဖြစ်စေပါ”ဟု ပြန်ဖြေကြ၏။
သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
လာဗန်ကလည်း “သူ့ကို အခြားသူနှင့်ထိမ်းမြားပေးသည်ထက် သင်နှင့်ထိမ်းမြားပေးသည်က ငါ့အတွက်ပို၍ကောင်း၏။ ငါနှင့်အတူနေထိုင်လော့”ဟု ဆို၏။
ရှေခင်သည် မိမိဖခင်ဟာမော်အား “ဤမိန်းကလေးကို အကျွန်ုပ်၏မယားအဖြစ် တောင်းပေးပါ”ဟု လျှောက်ဆို၏။
သင်တို့သည် များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးပေါ်မှာ ပြည့်နှက်ကြလော့။ မြေကြီးပေါ်မှာ တိုးပွားကြလော့”ဟု မိန့်တော်မူ၏။
သင်တို့ကိုယ်တိုင် ကောက်ရိုးကိုတွေ့နိုင်သည့်နေရာမှ သွားယူကြလော့။ သို့သော် သင်တို့၏အလုပ်အနည်းငယ်မျှ မလျော့ရ’ဟူ၍ မိန့်ဆို၏”ဟု ပြောလေ၏။
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။
ထိုသူ၌ သားအယောက်သုံးဆယ်၊ သမီးအယောက်သုံးဆယ်ရှိ၏။ သူသည် သမီးအယောက်သုံးဆယ်ကို အခြားမျိုးနွယ်စုတို့နှင့်ပေးစားပြီး သားအယောက်သုံးဆယ်အတွက် အခြားမျိုးနွယ်စုမှ အမျိုးသမီးအယောက်သုံးဆယ်ကို ခေါ်ဆောင်လာပေး၏။ သူသည် အစ္စရေးလူမျိုးတို့ကို ခုနစ်နှစ်စီရင်အုပ်ချုပ်၏။
သူသည် မိဘထံ ပြန်လာ၍ “အကျွန်ုပ်သည် တိမနတ်မြို့၌ ဖိလိတ္တိမိန်းမပျိုများထဲမှ မိန်းကလေးတစ်ဦးကို တွေ့ပါပြီ။ သူ့ကို အကျွန်ုပ်၏မယားအဖြစ် တောင်းပေးပါ”ဟု ဆို၏။