ဟေဇကိမင်းကြီးသည် စေတမန်တို့လက်မှ စာကိုယူဖတ်ပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ထိုစာကိုဖြန့်လေ၏။
ယေရမိ 29:25 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ယဇ်ပုရောဟိတ်မာသေယ၏သားဇေဖနိမှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့နှင့် ဂျေရုဆလင်မြို့သားအပေါင်းတို့ထံသို့ သင့်နာမည်ဖြင့်စာပို့၍ Judson Bible ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကိုအမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သားရှိသမျှတို့ကို စာပေးလိုက်၍၊ |
ဟေဇကိမင်းကြီးသည် စေတမန်တို့လက်မှ စာကိုယူဖတ်ပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ထိုစာကိုဖြန့်လေ၏။
“အီသီယိုးပီးယားဘုရင်တိရက္ကမင်းကြီးသည် သင့်ကိုတိုက်ခိုက်ရန်စစ်ချီလာပြီ”ဟူသော သတင်းကို အဆီးရီးယားဘုရင် ကြားရ၏။ သို့သော် ဟေဇကိမင်းကြီးထံသို့ စေတမန်တို့ကို တစ်ဖန်စေလွှတ်၍
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား ကဲ့ရဲ့စော်ကားသောစာကိုလည်း ရေးသားသေး၏။ စာထဲတွင် “မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့လူမျိုးကို ငါ့လက်မှမကယ်နုတ်နိုင်။ ထိုနည်းတူ ဟေဇကိမင်းကြီး၏ဘုရားသခင်သည်လည်း သူ့လူမျိုးတော်ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်”ဟု ရေးသားထား၏။
ထိုနေ့ရက်တို့၌ ယုဒခေါင်းဆောင်တို့သည် တောဘိထံသို့ စာလွှာများရေးပို့၍ တောဘိကလည်း သူတို့ထံ စာပြန်ခဲ့၏။
သူတို့က တောဘိကောင်းကြောင်းကို ငါ့အားပြောပြ၍ ငါပြောသောစကားတို့ကို တောဘိအား ပြန်ပြောကြ၏။ ထိုအခါ တောဘိသည် ငါ့အား ခြိမ်းခြောက်စာများကို ပို့လေ့ရှိ၏။
သမ္ဘာလတ်သည် ယခင်ကဲ့သို့ သူ့လက်အောက်ငယ်သားကို ငါ့ထံ ငါးကြိမ်မြောက်စေလွှတ်၏။ ထိုငယ်သားလက်ထဲတွင်လည်း တံဆိပ်မခတ်ထားသောစာ ပါလာ၏။
ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ နေဗုခဒ်နေဇာမင်းကြီးဖမ်းခေါ်သွားသောသူထဲမှ သုံ့ပန်းအဖြစ်အသက်ရှင်ကျန်ရှိသောသက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့ထံသို့ ပရောဖက်ယေရမိက ဂျေရုဆလင်မြို့မှ စာရေးသားပေးပို့လိုက်၏။
ဇေဒကိမင်းကြီးသည် ရှေလမိ၏သား ယေဟုကလနှင့် မာသေယ၏သား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့စေလွှတ်၍ “ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ ငါတို့အတွက် ဆုတောင်းပေးလော့”ဟု မှာလိုက်လေ၏။
ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။