“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဘေဘီလုံဘုရင်၏ထမ်းပိုးကို ငါချိုးမည်။
ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်ဗာဗုလုန်မင်း၏အာဏာ တန်ခိုးကိုချိုးနှိမ်တော်မူပြီ။-
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ သည် မှာ ဗာ ဗု လုန် ဘုရင်၏ ထမ်း ပိုး ကို၊ ငါ ချိုး ဖြတ် လေ ပြီ။
ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်။
ဟာနနိယက လူအပေါင်းတို့ရှေ့၌ “ထာဝရဘုရားက ‘လူမျိုးအပေါင်းတို့၏ပခုံးပေါ်တင်ထားသော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး၏ထမ်းပိုးကို နှစ်နှစ်အတွင်း ငါချိုးပစ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောလေ၏။ ထိုအခါ ပရောဖက်ယေရမိသည် ထိုနေရာမှ ထွက်သွားလေ၏။
ငါသည် အီဂျစ်ပြည်၌ကျွန်ခံခဲ့သောသင်တို့ကို ထိုပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ထမ်းပိုးကို ချိုးဖျက်၍ သင်တို့ကို မတ်မတ်လျှောက်စေမည်။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။