သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
ယေရမိ 27:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးရှိရာသို့ ရောက်လာသော သံတမန်တို့မှတစ်ဆင့် ဧဒုံဘုရင်၊ မောဘဘုရင်၊ အမ္မုန်ဘုရင်၊ တိုင်ရာဘုရင်၊ ဆီဒုန်ဘုရင်တို့ထံသို့ ကြိုးနှင့်ထမ်းပိုးတို့ကို ပေးပို့လော့။ Common Language Bible ထိုနောက်ဇေဒကိမင်းနှင့်တွေ့ဆုံရန်ယေရု ရှလင်မြို့သို့ရောက်ရှိလာသောသံတမန် များမှတစ်ဆင့်ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန် မင်း၊ တုရုမင်းနှင့်ဇိဒုန်မင်းတို့ထံသို့ သတင်းပေးပို့လော့'' ဟုမိန့်တော်မူ၏။- Garrad Bible ဧ ဒုံ ပြည့် ရှင် ဘု ရင်၊ မော ဘ ပြည့် ရှင် ဘု ရင်၊ အ မ္မုန် အ မျိုး သား တို့ ဘု ရင်၊ တု ရု မြို့ ဘု ရင်၊ ဇိ ဒုန် မြို့ ဘု ရင် များ ထံ၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း စံ ရာ ယေ ရု ရှ လင် မြို့ သို့ ရောက် လာ သော ရာ ဇ သံ တို့ လက် ဖြင့် ပို့ လိုက် လော့။ Judson Bible ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းပိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ပေးလိုက်လော့။ |
သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
အို ဆီဒုန်မြို့၊ ရှက်ကြောက်လော့။ ပင်လယ်က ပြောလေပြီ။ ပင်လယ်ခံတပ်မြို့က “ငါသည် ဝမ်းမနာခဲ့၊ သားမဖွားခဲ့။ လူပျို အပျိုတို့ကိုလည်း မကျွေးမွေး၊ မပြုစုခဲ့”ဟု ဆိုလေပြီ။
ငါသည် ထိုစကားအလုံးစုံတို့ကို ယုဒဘုရင်ဇေဒကိမင်းကြီးအား လျှောက်တင်၏။ “အရှင်သည် ဘေဘီလုံဘုရင်၏ထမ်းပိုးကိုထမ်း၍ ထိုဘုရင်နှင့် သူ၏လူများကို အစေခံလျက် အသက်ရှင်ပါလော့။
သူတို့၏သခင်တို့အားလည်း အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
“အချင်းလူသား၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာသည် သူ၏စစ်သည်များအား တိုင်ရာမြို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်စေခဲ့သည်။ စစ်သည်တို့လည်း ပခုံးအဆစ်ပြုတ်မတတ် ဦးဆွေးဆံမြည့်တိုက်ကြ၏။ ထိုသို့ အားသွန်ခွန်စိုက်တိုက်ခိုက်သော်လည်း ဘုရင်အပါအဝင်စစ်သည်တို့သည် တိုင်ရာမြို့မှ မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားရကြ။
တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။