ယေရမိ 27:15 - မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရားက ‘ငါသည် သူတို့ကိုမစေလွှတ်။ သင်တို့ကို ငါနှင်ထုတ်၍ သင်တို့နှင့် သင်တို့အား ပရောဖက်ပြုဟောပြောသောပရောဖက်တို့ ပျက်စီးခြင်းသို့ရောက်စေရန် သူတို့သည် ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏’ဟူ၍ မိန့်တော်မူပြီ”ဟု ငါဆင့်ဆို၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားကိုယ်တော်တိုင်ကထိုသူတို့ အား မိမိစေလွှတ်တော်မမူကြောင်းမိန့်တော် မူပါပြီ။ သူတို့သည်ကိုယ်တော်၏နာမတော် ကိုအမှီပြု၍ လိမ်လည်ဟောပြောလျက်နေ ကြပါ၏။ သို့ဖြစ်၍ထာဝရဘုရားသည် အရှင့်အားနှင်ထုတ်တော်မူပါလိမ့်မည်။ အရှင်နှင့်တကွအရှင့်အားလိမ်လည် ဟောပြောကြသည့်ပရောဖက်များသည် သေကြေပျက်စီးရကြပါလိမ့်မည်'' ဟု လျှောက်ထား၏။
အခန်းကိုကြည့်ပါ။
ငါ နှင် ထုတ် သည့် အ တိုင်း၊ သင် တို့ သည်၊ ဟော ပြော သော ပ ရော ဖက် တို့ ပါ၊ ပျက် စီး ကြ စေ ခြင်း ငှာ၊ ငါ စေ လွှတ် ခြင်း ကင်း လျက်၊ နာ မ တော် နှင့် ပ ရိ ယာယ် ပြု ၍ ဟော ပြော လေ့ ရှိ ကြ သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသားစကားကို ဟောပြောတတ်ကြ၏။
အခန်းကိုကြည့်ပါ။