Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 27:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို့နောက် ငါ​က ယဇ်ပုရောဟိတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​အား “​ထာဝရဘုရား​က ‘​ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို ဘေဘီလုံ​မြို့​မှ အမြန်ဆုံး​ပြန်ယူဆောင်​လာ​မည်​ဟု သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ထို​နောက်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ပြည်​သူ​တို့​အား​ဆင့်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား က``ဗိ​မာန်​တော်​ဘဏ္ဍာ​များ​သည်​ဗာ​ဗု​လုန် ပြည်​မှ​မ​ကြာ​မီ​ပြန်​လည်​ရောက်​ရှိ​လာ လိမ့်​မည်​ဟု ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့ ၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ တို့​သည်​သင်​တို့​အား​လိမ်​လည်​နေ​ကြ ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ပ ရော ဟိတ် တို့ နှင့် လူ ပ ရိ သတ် အား လည်း ငါ က၊ မ ကြာ မ မြင့် မီ၊ ဗိ မာန် တော် ဆိုင် ရာ အ သုံး အ ဆောင် များ ကို၊ ဗာ ဗု လုန် မြို့ မှ ပြန် ရ ကြ လ တ္တံ့ ဟု၊ မု သာ ဟော ပြော သော ကိုယ့် ပ ရော ဖက် တို့ စ ကား ကို နား မ ထောင် ကြ လင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် လူ​အ​ပေါင်း​တို့​အား​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ငါ​ပြန်​ပြော​သည်​ကား၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ၊ ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​မှ တစ်​ဖန်​ဆောင်​ခဲ့​လိမ့်​မည်​ဟု သင်​တို့​အား ဟော​ပြော​သော ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 27:16
7 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း​ပင် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​မှ ရှိသမျှ​ကို ယူဆောင်​သွား​၏​။ ထာဝရဘုရား​၏​ဗိမာန်တော်​ရှိ အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​ပြုလုပ်​ထား​ခဲ့​သော ရွှေ​အသုံးအဆောင်​အားလုံး​ကို​လည်း ချိုးဖဲ့​ဖျက်ဆီး​၍​ယူဆောင်​သွား​လေ​၏​။


ဦးခေါင်း​ကား သက်ကြီးဝါကြီး​နှင့်​အသရေ​ရှိ​သော​သူ​တို့​တည်း​။ အမြီး​ကား မဟုတ်မမှန်​သွန်သင်​ပေး​သော​ပရောဖက်​တို့​တည်း​။


သင်​တို့​အား သင်​တို့​၏​ပြည်​မှ အဝေး​သို့​လွင့်ထွက်​သွား​စေရန်​နှင့် ငါ​သည် သင်​တို့​ကို​နှင်ထုတ်​၍ သင်​တို့​ပျက်စီး​သွား​စေရန် သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။


‘​သင်​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အစေခံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ပရောဖက်​တို့​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။


ဤ​အရပ်​မှ ဘေဘီလုံ​မြို့​သို့ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သိမ်းဆည်း​ယူဆောင်​သွား​သည့် ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​ရှိသမျှ​တို့​ကို နှစ်​နှစ်​အတွင်း ဤ​အရပ်​သို့ ငါ​ပြန်ယူဆောင်​လာ​မည်​။


ဘုရားရှင်​သည် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်တကွ ဘုရားသခင်​၏​အိမ်​တော်​တန်ဆာပလာ​အချို့​ကို နေဗုခဒ်နေဇာ​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ရှင်ဘုရင်​သည်​လည်း ထို​အရာ​တို့​ကို ရှိနာ​ပြည်​ရှိ မိမိ​ဘုရား​များ​၏​ဗိမာန်​သို့​ယူဆောင်​သွား​၍ ထို​တန်ဆာပလာ​တို့​ကို မိမိ​ဘုရား​အများ​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ထား​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ