သို့သော် ငါ့စကားကိုနားထောင်သောသူသည် ဘေးကင်းလုံခြုံစွာနေရ၍ ဘေးအန္တရာယ်ကို မကြောက်ဘဲ အေးချမ်းစွာနေရလိမ့်မည်။”
ယေရမိ 27:12 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုစကားအလုံးစုံတို့ကို ယုဒဘုရင်ဇေဒကိမင်းကြီးအား လျှောက်တင်၏။ “အရှင်သည် ဘေဘီလုံဘုရင်၏ထမ်းပိုးကိုထမ်း၍ ထိုဘုရင်နှင့် သူ၏လူများကို အစေခံလျက် အသက်ရှင်ပါလော့။ Common Language Bible ငါသည်ယုဒဘုရင်ဟေဇကိအားလည်း အထက်ပါအတိုင်းလျှောက်၏။ ငါက``အရှင် သည်ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်တွင် အညံ့ခံပါလော့။ ထိုဘုရင်နှင့်သူ၏အမျိုး သားများ၏အစေကိုခံပါမူအသက်ချမ်း သာရာရပါလိမ့်မည်။- Garrad Bible ထို အ ချက် နှင့် တူ ညီ စွာ၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း ထံ ငါ က၊ အ သက် ချမ်း သာ ရ ရန် ဗာ ဗု လုန် ဘု ရင် ၏ ထမ်း ပိုး အောက် ကုပ် လျှိုး ၍၊ ထို မင်း နှင့် လူ မျိုး ၏ အ မှု ကို ထမ်း ကြ လော့။ Judson Bible ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ထမ်းပိုးကိုထမ်း၍၊ သူနှင့် သူ၏လူများအစေကိုခံလျက်၊ အသက်ချမ်းသာပါလော့။ |
သို့သော် ငါ့စကားကိုနားထောင်သောသူသည် ဘေးကင်းလုံခြုံစွာနေရ၍ ဘေးအန္တရာယ်ကို မကြောက်ဘဲ အေးချမ်းစွာနေရလိမ့်မည်။”
သင့်အား ငါပေးသောအမွေကို သင်လက်လွတ်ရမည်။ သင်မသိသောပြည်တွင် သင်၏ရန်သူတို့အား သင်အစေခံရမည်။ အစဉ်အမြဲတောက်လောင်နေမည့် ငါ့အမျက်မီးကို သင်မွှေးလေပြီ။
မြို့တွင်း၌ နေရစ်သောသူသည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ သင်တို့ကိုဝိုင်းထားသောခါလဒဲတပ်ထံ ဝင်ရောက်ခိုလှုံသောသူမူကား သူ၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရမည်။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဘေဘီလုံဘုရင်၏ထမ်းပိုးကို ငါချိုးမည်။
ထိုအခါ ယေရမိက ဇေဒကိမင်းကြီးအား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ဘေဘီလုံဘုရင်၏တပ်မှူးတို့ထံသွား၍ အညံ့ခံလျှင် သင်အသက်ချမ်းသာရာရမည်။ ဤမြို့သည်လည်း မီးရှို့ခံရမည်မဟုတ်။ သင်နှင့် သင်၏အိမ်သူအိမ်သားတို့ အသက်ချမ်းသာရာရကြလိမ့်မည်။
ထာဝရဘုရားက ‘သင်တို့ကြောက်ရသော ဘေဘီလုံဘုရင်ကို သင်တို့မကြောက်ကြနှင့်။ သင်တို့နှင့်အတူ ငါရှိသည်ဖြစ်၍ ထိုဘုရင်လက်မှ သင်တို့ကို ငါရွေးနုတ်ကယ်တင်မည်။ သူ့ကို သင်တို့မကြောက်ကြနှင့်။