သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ယေရမိ 26:8 - မြန်မာ့စံမီသမ္မာကျမ်း ယေရမိသည် ထာဝရဘုရားမိန့်မှာတော်မူသောစကားအလုံးစုံတို့ကို ပြည်သူပြည်သားအပေါင်းတို့အား ဆင့်ဆိုပြီးသောအခါ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့သည် သူ့ကိုဖမ်းဆီး၍ “သင်သည် မုချသေရမည်။ Common Language Bible မိမိအားထာဝရဘုရားမိန့်မှာတော်မူသမျှ ကိုငါပြန်ကြားပြောဆိုပြီးသည်နှင့်တစ်ပြိုင် နက်သူ၏ပုရောဟိတ်များ၊ ပရောဖက်များ နှင့်ပြည်သူတို့သည်ငါ့အားဆွဲကိုင်ဖမ်းဆီး ကာ``သင်သည်ဤစကားတို့ကိုပြောဆိုသည့် အတွက်သေဒဏ်ခံထိုက်၏။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ ကို၊ လူ ပ ရိ သတ် အား ဆင့် ဆို သည့် အ ဆုံး ၌၊ ယေ ရ မိ ကို ဖမ်း ဆီး လျက်၊ သင် မု ချ သေ ဒဏ် ခံ ရ မည်။ Judson Bible လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကိုဖမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ |
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူ ငါရှိမည်ဖြစ်၍ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
ထိုသို့ ထောင်ထဲ၌ချုပ်နှောင်ထားခြင်းခံရသောယေရမိကို ယုဒဘုရင်ဇေဒကိမင်းကြီးက “သင်သည် အဘယ်ကြောင့် ထာဝရဘုရားက ‘ဤမြို့ကို ဘေဘီလုံဘုရင်၏လက်ထဲသို့ ငါအပ်မည်။ သူသည် ထိုမြို့ကို သိမ်းယူလိမ့်မည်။
သူတို့၏ဘုရားသခင်ထာဝရဘုရားက ယေရမိကိုစေလွှတ်၍ဆင့်ဆိုစေသော သူတို့၏ဘုရားသခင်ထာဝရဘုရား၏စကားအလုံးစုံကို လူအပေါင်းတို့အား ယေရမိဆင့်ဆိုပြီးသောအခါ
ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။
အခြားသောသူတို့မူကား ဘုရင်၏အစေအပါးတို့ကိုဖမ်းဆီးလျက် နှိပ်စက်ကာ သတ်ဖြတ်ကြ၏။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများသည် လူထုပရိသတ်အား ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုမူကား အဆုံးစီရင်စေရန် စည်းရုံးကြ၏။
သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကမ္ဘာမြေကြီးပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသောသူအပေါင်းတို့၏သွေးကိုလည်း ထိုမြို့၌တွေ့ရ၏”ဟု ဆိုလေ၏။