ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
ယေရမိ 26:7 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ထဲ၌ ယေရမိဆင့်ဆိုသော စကားကို ကြားကြ၏။ Common Language Bible ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ပြည် သူအပေါင်းတို့သည် ဗိမာန်တော်ထဲ၌ငါဆင့် ဆိုဟောပြောသည့်ထိုစကားတို့ကိုကြား ကြ၏။- Garrad Bible ဗိ မာန် တော် တွင် ယေ ရ မိ ဆင့် ဆို သော ထို အ ချက် များ ကို၊ ပ ရော ဟိတ် နှင့် ပ ရော ဖက် တို့ သည်၊ လူ ပ ရိ သတ် ပါ၊ ကြား ရ သည့် အ တိုင်း၊ Judson Bible ထိုစကားကို ဗိမာန်တော်၌ ယေရမိဟောပြောသည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများအပေါင်းတို့သည် ကြားကြ၏။ |
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
ပရောဖက်တို့သည် တာဝန်မဲ့သောသစ္စာဖောက်များ ဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း ပညတ်တရားကို ချိုးဖောက်၍ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေကြပြီ။
သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာများသည် ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်အမှုတို့ကိုလည်းကောင်း၊ “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ဗိမာန်တော်၌ ကလေးများကြွေးကြော်နေကြသည်ကိုလည်းကောင်း မြင်လျှင် အမျက်ထွက်ကြ၍
ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ သူ၏အပေါင်းအဖော်များဖြစ်ကြသော ဇဒ္ဒုကဲဂိုဏ်းဝင်သူအားလုံးတို့သည် မနာလိုစိတ်နှင့်ပြည့်ကြ၍ ထလျက်