ယေရမိ 26:19 - မြန်မာ့စံမီသမ္မာကျမ်း
ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ယုဒလူမျိုးတို့သည် ထိုပရောဖက်ကို သတ်ခဲ့သလော။ ထိုဘုရင်သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ထာဝရဘုရား၏မျက်နှာတော်ကို ရှာသောကြောင့် သူတို့အပေါ် ကျရောက်စေမည့်ဘေးအန္တရာယ်မှ ထာဝရဘုရား စိတ်ပြောင်းလဲတော်မူသည် မဟုတ်လော။ ငါတို့မူကား ငါတို့အပေါ် ကြောက်မက်ဖွယ်ဘေးအန္တရာယ်ကို ကျရောက်စေကြပြီ”ဟု ဆိုကြ၏။
အခန်းကိုကြည့်ပါ။
ယုဒဘုရင်ဟေဇကိနှင့်သူ၏ပြည်သူတို့ သည် မိက္ခာအားသေဒဏ်မပေးခဲ့ကြ။ သေ ဒဏ်ပေးမည့်အစားဟေဇကိသည် ထာဝရ ဘုရားအားကြောက်ရွံ့သဖြင့်ရှေ့တော်၌ မျက်နှာပွင့်လန်းရန်ကြိုးစား၍ဆောင်ရွက် ၏။ ထိုအခါထာဝရဘုရားသည်ထိုသူတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးသက်ရောက် စေမည်ဟု ယခင်ကမိန့်ကြားခဲ့သော်လည်း မိမိစိတ်တော်ကိုပြောင်းလဲစေတော်မူ၏။ ယခုငါတို့သည်မိမိတို့အပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ဆိုးသက်ရောက်အောင်ပြုကြသည်တကား'' ဟုဆိုကြ၏။
အခန်းကိုကြည့်ပါ။
ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း နှင့် ပြည် သူ ပြည် သား တို့ သည် သေ ဒဏ် ခတ် ကြ သ လော။ မိန့် တော် မူ ခဲ့ သော မ ကောင်း ကျိုး မှ၊ ထာ ဝ ရ ဘု ရား စိတ် ပြောင်း လဲ တော် မူ သည့် တိုင် အောင်၊ ထို မင်း သည် ထာ ဝ ရ ဘု ရား အား ခန့် ညား လျက်၊ မျက် မှောက် တော် ၌ အ သ နား တော် ခံ သည် မ ဟုတ် လော။ ငါ တို့ မှာ မူ၊ ကိုယ့် အ သက် အ န္တ ရာယ် ကို ရှာ လှ စွ တ ကား ဟု၊ စည်း ဝေး သော လူ ပ ရိ သတ် အား ဆို ကြ ၏။
အခန်းကိုကြည့်ပါ။
ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင်ဟေဇကိသည် ထိုပရောဖက်ကို သတ်သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံ့သည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တစ်ဖန် နောင်တရတော်မူသည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီးခြင်းငှာ ပြုကြသည်တကားဟု စည်းဝေးသောသူအပေါင်းတို့အား ပြောဆိုကြ၏။
အခန်းကိုကြည့်ပါ။