သင်လက်မခံဘဲနှင့် ကိုယ်တော်က သင့်ကိုဆုချပေးမည်ဟု သင်ထင်သလော။ ရွေးချယ်ရမည့်သူမှာ အကျွန်ုပ်မဟုတ်ပါ၊ သင်ဖြစ်၏။ ထို့ကြောင့် သင်သိသောအရာကို ပြောပါလော့။
ယေရမိ 25:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သင့်လက်ထဲမှ ခွက်ကိုယူ၍ မသောက်လိုလျှင် သင်က သူတို့အား “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သောက်ရမည်။ Common Language Bible အကယ်၍သူတို့သည်သင်၏လက်မှခွက် ဖလားကိုယူ၍သောက်ရန်ငြင်းဆန်နေကြ ပါမူ အနန္တတန်ခိုးရှင်ထာဝရဘုရားက သူတို့အားအသောက်ခိုင်းတော်မူကြောင်း ပြောကြားလော့။- Garrad Bible လက် ရှိ ဖ လား ကို ယူ သောက် ရန် ငြင်း ပယ် ကြ လျှင်၊ သင် က၊ မု ချ သောက် ကြ ရ မည်။ Judson Bible သူတို့သည် သောက်ခြင်းငှာ ထိုဖလားကို သင်၏လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့။ |
သင်လက်မခံဘဲနှင့် ကိုယ်တော်က သင့်ကိုဆုချပေးမည်ဟု သင်ထင်သလော။ ရွေးချယ်ရမည့်သူမှာ အကျွန်ုပ်မဟုတ်ပါ၊ သင်ဖြစ်၏။ ထို့ကြောင့် သင်သိသောအရာကို ပြောပါလော့။
ထိုအခါ ငါသည် ထာဝရဘုရား၏လက်တော်မှခွက်ကိုယူ၍ ငါ့ကို ထာဝရဘုရားစေလွှတ်တော်မူသောအရပ်ရှိ လူမျိုးအားလုံးကို သောက်စေ၏။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ခွက်ဖလားကိုသောက်စရာမလိုသောသူတို့ပင် သောက်ရသည်ဆိုလျှင် သင်သည်လည်း အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ သင်သည် အပြစ်ဒဏ်နှင့်မလွတ်။ မလွဲမသွေသောက်ရမည်”ဟု မိန့်တော်မူ၏။
ကမ္ဘာမြေကြီး တုန်ခါလေပြီ၊ တုန်လှုပ်လေပြီ။ အကြောင်းမူကား ဘေဘီလုံမြို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်ဟူသော ထာဝရဘုရား၏အကြံအစည်တော်အတိုင်း ထိုမြို့၌ ဖြစ်လာလေပြီ။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
ငါ၏သန့်ရှင်းသောတောင်ပေါ်တွင် သင်တို့သောက်ခဲ့ရသကဲ့သို့ လူမျိုးတကာတို့သည်လည်း အစဉ်မပြတ်သောက်ရလိမ့်မည်။ သူတို့သည် သောက်၍မျိုချပြီး မဖြစ်စဖူးအဖြစ်မျိုး ကြုံရလိမ့်မည်။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။