ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။
ယေရမိ 25:13 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘ဤလူမျိုးတို့နှင့်ပတ်သက်၍ ယေရမိပရောဖက်ပြုဟောပြောခဲ့သော၊ ကျမ်းစာ၌ရေးထားသမျှသောစကားများတည်းဟူသော ဤပြည်ကိုရည်ဆောင်၍ ငါပြောခဲ့သောစကားကို ဤပြည်အပေါ် ကျရောက်စေမည်။ Common Language Bible ငါသည်ထိုလူမျိုးအားယခင်ကခြိမ်းခြောက် ခဲ့သည့်အတိုင်းလူမျိုးတကာတို့အား ယေ ရမိပြန်ကြားခဲ့သည့်အပြစ်ဒဏ်များဖြင့် လည်းကောင်း၊ ဤစာစောင်တွင်ဖော်ပြပါရှိ သည့်အပြစ်ဒဏ်များဖြင့်လည်းကောင်း ဆုံးမမည်။- Garrad Bible လူ အ မျိုး မျိုး ကို ယေ ရ မိ ရည် ဆောင် ဟော ပြော ခဲ့ ရာ၊ ဤ ကျမ်း တွင် ပါ ရှိ သ မျှ သော အ ချက်၊ ထို ပြည် နှင့် ဆန့် ကျင် ဘက် ငါ မိန့် မှာ သ မျှ သော အ ချက် များ ကို၊ သင့် ရောက် စေ မည့် အ လျောက်၊ Judson Bible ငါခြိမ်းသော စကားများတည်းဟူသော ယေရမိသည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တစ်ဖက်၌ ဟောပြော၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲတိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။ |
ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။
လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
“သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆိုသော်
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “သင့်အား ငါမိန့်ဆိုသောစကားတို့ကို စာလိပ်တွင် ရေးမှတ်ထားလော့။
“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
သင်သည် ယုဒဘုရင်ယောယကိမ်အား ‘သင်က ထိုစာလိပ်ပေါ်တွင် ဘေဘီလုံဘုရင်အမှန်လာ၍ ဤပြည်ကိုဖျက်ဆီးမည်။ ဤပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖယ်ရှားပစ်မည်ဟူ၍ အဘယ်ကြောင့် ရေးမှတ်သနည်းဟု ဆိုလျက် စာလိပ်ကို သင်မီးရှို့လေပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုရမည်။
ထိုအခါ ယေရမိသည် နေရိ၏သား ဗာရုတ်ကိုခေါ်ပြီး ထာဝရဘုရားမိန့်တော်မူသောစကားအလုံးစုံတို့ကို နှုတ်မှခေါ်ပေး၍ ဗာရုတ်သည် စာလိပ်တစ်လိပ်ပေါ်တွင် ရေးမှတ်လေ၏။
‘ဖေရက်’ ဟူသည်မှာ အရှင်မင်းကြီး၏နိုင်ငံကို ခွဲပြီး မေဒိနှင့် ပါးရှားလူမျိုးတို့အား ပေးတော်မူပြီဟူ၍ အနက်ရ၏”ဟု ရှင်ဘုရင်ရှေ့၌ လျှောက်ထားလေ၏။
မေဒိဘုရင် ဒါရိမင်းကြီးသည် အသက်ခြောက်ဆယ့်နှစ်နှစ်ခန့်တွင် ထိုနိုင်ငံကို သိမ်းယူလေ၏။
ထိုအခါ “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ ရှင်ဘုရင်များနှင့်ပတ်သက်၍ ထပ်မံ ပရောဖက်ပြုဟောပြောရမည်”ဟူသောအမိန့်ကို ငါခံရ၏။