သစ်ကတိုးပင်၌အသိုက်လုပ်၍ လက်ဘနွန်တောင်၌နေသောသူ၊ သားဖွားဝေဒနာကဲ့သို့ နာကျင်ခြင်းဝေဒနာကို သင်ခံစားရသောအခါ သင်မည်မျှညည်းတွားလိမ့်မည်နည်း”ဟု မိန့်တော်မူ၏။
သင်တို့သည်လေဗနုန်တောမှယူဆောင်လာ သည့် အာရစ်ပင်များ၏အလယ်တွင်ဘေးမဲ့လုံခြုံစွာ နေထိုင်လျက်ရှိကြ၏။ သို့ရာတွင်သားဖွားသောအမျိုးသမီးကဲ့သို့ ဝေဒနာခံရကြသောအခါ သင်တို့သည်အဘယ်မျှသနားစရာ ကောင်းလိမ့်မည်နည်း။
သစ် က တိုး တော ၌ သိုက် မြုံ ရှိ သော၊ အို လေ ဗ နုန် တောင် ပေါ် တွင် နေ ထိုင် သူ၊ မီး ဖွား သော မိန်း မ ကဲ့ သို့၊ ဝေ ဒ နာ ခံ စား ၍ နာ ကျင် ရ သည့် ကာ လ၊ မည် မျှ ညည်း တွား ရ ရှာ လိမ့် တ ကား။
အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဖွားခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့၊ သင်သည် နာကျင်ခြင်းဝေဒနာကိုခံရသောအခါ၊ အဘယ်မျှလောက် သနားဖွယ်ဖြစ်လိမ့်မည်တကား။
“မည်သူသည် ငါတို့ရှိရာသို့ဆင်းလာနိုင်သနည်း။ မည်သူသည် ငါတို့၏ခိုလှုံရာအရပ်သို့ဝင်နိုင်သနည်း”ဟု ပြောဆိုတတ်သော “အို ချိုင့်ဝှမ်း၌နေသောသူ၊ အို ကျောက်ကုန်းရိုး၌နေသောသူ၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယုဒဘုရင်၏နန်းတော်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင်သည် ဂိလဒ်ပြည်ကဲ့သို့၊ လက်ဘနွန်တောင်ထိပ်ကဲ့သို့ ဖြစ်သော်လည်း ငါသည် သင့်ကို တောကန္တာရကဲ့သို့၊ လူမနေသောမြို့ကဲ့သို့ ဖြစ်စေမည်။
အစ္စရေးအမျိုးသားတို့သည် ဖောက်ပြန်လမ်းလွဲ၍ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ကြသောကြောင့် တောင်ကတုံးများပေါ်၌ သူတို့ငိုကြွေးသောအသံ၊ အသနားခံသောအသံကို ကြားရပြီ။
အို မောဘပြည်သားတို့၊ ချောက်ကမ်းပါး၌ အသိုက်ကိုလုပ်တတ်သော ချိုးငှက်ကဲ့သို့ မြို့တို့ကိုစွန့်၍ ကျောက်ဆောင်၌နေထိုင်ကြလော့။
အို ကျောက်ဆောင်ကြားများ၌နေထိုင်သူ၊ ကုန်းမြင့်၌နေရာယူသူ၊ သင့်ကို ကြောက်ရွံ့ကြသောကြောင့် သင့်မာနသည် သင့်ကိုလှည့်စားလေပြီ။ သင်သည် လင်းယုန်ကဲ့သို့ အမြင့်၌ အသိုက်ကိုဆောက်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု မိန့်တော်မူ၏။
ထိုသတင်းကိုကြားသောအခါ ငါတို့၏လက်များ ပျော့ခွေသွား၏။ ဆင်းရဲဒုက္ခသည် ငါတို့ကို ဖိစီးပြီ။ ငါတို့သည် သားဖွားမိန်းမကဲ့သို့ဝေဒနာခံစားရပြီ။
သင်သည် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သန်စွမ်းသောတောင်ပံနှင့် ရှည်လျား၍အရောင်အသွေးစုံသောအမွေးအမှင်များရှိသည့် လင်းယုန်ငှက်ကြီးတစ်ကောင်သည် လက်ဘနွန်တောင်သို့လာ၍ သစ်ကတိုးပင်ထိပ်ဖျားတွင် နား၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။
မရဏာနိုင်ငံတိုင်အောင် တွင်းတူးလျှင်လည်း သူတို့ကို ထိုနေရာမှ ငါကိုယ်တိုင် ဆွဲထုတ်မည်။ ကောင်းကင်တိုင်အောင် တက်သွားလျှင်လည်း သူတို့ကို ထိုနေရာမှ ငါဆွဲချမည်။
သင်သည် လင်းယုန်ကဲ့သို့အမြင့်၌နေ၍ ကြယ်များအလယ်တွင် အသိုက်ကို လုပ်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဘေးအန္တရာယ်မှလွတ်မြောက်ရန် မိမိအသိုက်ကို မြင့်သောနေရာ၌ဆောက်သောသူ၊ မတရားအကျိုးစီးပွားကို မိမိအိမ်အဖို့ရှာသောသူသည် အမင်္ဂလာရှိ၏။
တစ်ဖန် ကေနိလူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “သင်နေထိုင်ရာအရပ်သည် ခိုင်ခံ့၏။ သင်၏အသိုက်အမြုံသည် ကျောက်ပေါ်၌ တည်၏။