ထို့နောက် အီဂျစ်ဘုရင်သည် ယောခတ်မင်းကြီး၏ညီတော်ဧလျာကိမ်ကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အုပ်စိုးစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ နောင်တော်ယောခတ်မင်းကြီးကိုမူကား နေခေါမင်းကြီးသည် အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။
ယေရမိ 22:13 - မြန်မာ့စံမီသမ္မာကျမ်း မသမာသောနည်းဖြင့် မိမိနန်းတော်ကို တည်ဆောက်သောသူ၊ မတရားသောနည်းဖြင့် ဘုံဗိမာန်များကို တည်ဆောက်သောသူ၊ အမျိုးသားချင်းတို့ကို ခိုင်းစေပြီး လုပ်အားခမပေးသောသူ၊ Common Language Bible ``မိမိအိမ်ကိုမတရားသောနည်းဖြင့်လည်း ကောင်း၊ မိမိ၏အထက်ခန်းများကိုမရိုးဖြောင့်သော နည်းဖြင့်လည်းကောင်း၊တည်ဆောက်ကာ၊ မိမိ၏အိမ်နီးချင်းများအားအခမဲ့စေ စားသူ၊ သူတို့၏လုပ်အားခများကိုမပေးဘဲနေ သူသည် အမင်္ဂလာရှိ၏။ Garrad Bible ကြီး မြင့် သော နန်း တော် ကို၊ ကျယ် ဝန်း သော အ ထက် ခန်း များ ပါ၊ တည် ဆောက် မည် ဟု အောက် မေ့ သည့် အ တိုင်း၊ လေ သာ ပြူ တင်း ဖောက် ခြင်း၊ သစ် က တိုး ပျဉ် နှင့် မိုး ကာ ခြင်း၊ ဆေး နီ သုတ် ခြင်း များ ဖြင့်၊ ပြည် သား တို့ ကို အ ခ မဲ့ အ ချည်း နှီး စေ ခိုင်း ၍၊ အ ဓ မ္မ ပြု ခြင်း၊ မ ဖြောင့် မတ် ခြင်း ဖြင့်၊ နန်း တော် ကို၊ အ ခန်း များ ပါ၊ တည် ဆောက် သော မင်း သည်၊ အ မင်္ဂ လာ ရှိ ၏။ Judson Bible မတရားသောအမှုအားဖြင့် မိမိအိမ်ကိုလည်းကောင်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကိုလည်းကောင်း ဆောက်သောသူ၊ အိမ်နီးချင်းကို အခမပေးဘဲစေစား၍၊ အလုပ်လုပ်သည်အတွက်ဆုမချသောသူသည် အမင်္ဂလာရှိ၏။ |
ထို့နောက် အီဂျစ်ဘုရင်သည် ယောခတ်မင်းကြီး၏ညီတော်ဧလျာကိမ်ကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အုပ်စိုးစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ နောင်တော်ယောခတ်မင်းကြီးကိုမူကား နေခေါမင်းကြီးသည် အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။
ယောယကိမ် နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ငါသည် မြေအသီးအနှံကို အဖိုးအခမပေးဘဲ စားသုံး၍ မြေရှင်၏အသက်ကို ဆုံးရှုံးစေခဲ့လျှင်လည်းကောင်း
နေရာလပ်မရှိတော့သည်အထိ အိမ်တစ်အိမ်နှင့်တစ်အိမ်ကပ်နေအောင်၊ လယ်တစ်ကွက်နှင့်တစ်ကွက်ဆက်နေအောင် ပြုသောသူတို့သည် အမင်္ဂလာရှိကြ၏။ ထိုမြေအလယ်၌ သင်တစ်ဦးတည်း နေထိုင်ရလိမ့်မည်။
ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။
မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
သင်တို့သည် လူအသက်သတ်၍ ဇိအုန်မြို့ကို တည်ကြ၏။ မတရားမှုဖြင့် ဂျေရုဆလင်မြို့ကို တည်ကြ၏။
လူအသက်သတ်ပြီး ရွာကိုတည်သောသူ၊ မတရားသောနည်းလမ်းဖြင့် မြို့ကိုတည်ထောင်သောသူသည် အမင်္ဂလာရှိ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုသောအခါ သူ့အား လက်ချည်းသက်သက်မလွှတ်ရ။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။