ဦးခေါင်းကား သက်ကြီးဝါကြီးနှင့်အသရေရှိသောသူတို့တည်း။ အမြီးကား မဟုတ်မမှန်သွန်သင်ပေးသောပရောဖက်တို့တည်း။
ယေရမိ 20:6 - မြန်မာ့စံမီသမ္မာကျမ်း အို ပါရှုရ၊ သင်နှင့် သင်၏အိမ်သူအိမ်သားအားလုံး ဖမ်းခေါ်သွားခြင်းခံရမည်။ သင်နှင့် သင်မုသားသုံး၍ပရောဖက်ပြုသည်ကို နာယူခဲ့သော သင့်အပေါင်းအဖော်တို့သည် ဘေဘီလုံမြို့သို့ရောက်သွား၍ ထိုအရပ်၌သေဆုံးကြလိမ့်မည်။ ထိုအရပ်၌ သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။ Common Language Bible ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။ Garrad Bible အို ပါ ရှု ရ၊ သင် သည် အိမ် သူ အိမ် သား တို့ နှင့် တ ကွ၊ မု သာ ဟော ပြော ရာ နာ လို သူ အ ပေါင်း အ ဖော် တို့ ပါ၊ သုံ့ ပန်း ပါ သွား သ ဖြင့်၊ ဗာ ဗု လုန် မြို့ ရောက် လျှင်၊ ထို မြို့ တွင် သေ လွန်၍ သင်္ဂြိုဟ် ခံ ရ ကြ လိမ့် မည် ဟု၊ မိန့် တော် မူ ကြောင်း ဟော လေ ၏။ Judson Bible သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်းတို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန်မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသားစကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌သေ၍ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။ |
ဦးခေါင်းကား သက်ကြီးဝါကြီးနှင့်အသရေရှိသောသူတို့တည်း။ အမြီးကား မဟုတ်မမှန်သွန်သင်ပေးသောပရောဖက်တို့တည်း။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ ပရောဖက်တို့က ‘သင်တို့သည် ဓားဘေးနှင့်ကြုံရမည်မဟုတ်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် သင်တို့ထံရောက်လာမည်မဟုတ်။ ဤအရပ်၌ သင်တို့အား စစ်မှန်သောငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ သူတို့အား ဆင့်ဆိုကြပါသည်”ဟု လျှောက်ဆို၏။
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။
ယေရမိ ပရောဖက်ပြုဟောပြောသောအကြောင်းအရာတို့ကို ဣမေရ၏သား၊ ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်အုပ်ချုပ်သူ ယဇ်ပုရောဟိတ်ပါရှုရကြားလျှင်
အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက နဟေလံအမျိုး ရှေမာယသည် ငါ့ကို ပုန်ကန်ပြောဆိုသောကြောင့် ကြည့်ရှုလော့။ ငါသည် သူနှင့်သူ၏သားစဉ်မြေးဆက်တို့ကို ဒဏ်ခတ်မည်။ ဤလူမျိုးထဲတွင် သူ၏သားစဉ်မြေးဆက်တစ်ယောက်မျှ အသက်ရှင်နေထိုင်ရမည်မဟုတ်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက ငါ့လူမျိုးတော်အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာကို သူတို့ခံစားရမည်မဟုတ်”ဟု မိန့်ဆို၏။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
သင်၏ပရောဖက်တို့သည် သင့်အဖို့ မဟုတ်မမှန်သောအရာ၊ အကျိုးမရှိသောအရာတို့ကို နိမိတ်မြင်ကြပြီ။ သုံ့ပန်းဘဝမရောက်ရလေအောင် သူတို့သည် သင်၏အပြစ်ကိုမထောက်ပြဘဲ မဟုတ်မမှန်သောအရာ၊ လှည့်စားသောအရာတို့ကို ဗျာဒိတ်ရကြပြီ။
ပရောဖက်တို့သည် ထုံးဖြူသုတ်သောသူများ ဖြစ်ကြ၏။ စိတ်အာရုံထဲ၌ အချည်းနှီးသောအရာကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်လည်ဟောပြောကြ၏။ ထာဝရဘုရား မိန့်တော်မမူဘဲ ‘ဘုရားရှင်ထာဝရဘုရား မိန့်တော်မူပြီ’ဟု ဆိုကြ၏။
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
လူလေလူလွင့်တစ်ယောက်က ‘စပျစ်ဝိုင်အကြောင်း၊ သေရည်သေရက်အကြောင်း ငါပရောဖက်ပြုဟောပြောပေးမည်’ဟု လူတစ်ယောက်ယောက်အား လိမ်လည်လှည့်စားမည်ဆိုလျှင် သူသည် ထိုလူအတွက်သာ ပရောဖက်ဖြစ်လိမ့်မည်။
တစ်စုံတစ်ဦးသည် ပရောဖက်ပြုဟောပြောနေသေးလျှင် သူ့ကိုဖြစ်ပွားစေသော သူ့မိဘတို့က ‘သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟုတ်မမှန်ဟောပြောသောကြောင့် အသက်ချမ်းသာရာရမည်မဟုတ်’ဟု ဆို၍ သူ့ကိုဖြစ်ပွားစေသောမိဘကိုယ်တိုင်က ထိုသူပရောဖက်ပြုဟောပြောသောအခါ သူ့ကို ထိုးသတ်လိမ့်မည်။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။