အာသမင်းကြီးနန်းစံသုံးဆယ့်ကိုးနှစ်တွင် သူ၏ခြေထောက်၌ အနာရောဂါစွဲကပ်၏။ ထိုအနာရောဂါသည် အလွန်ပြင်းထန်သော်လည်း ထာဝရဘုရားကို မရှာဘဲ သမားတော်များနှင့်သာ ဆေးကုသခဲ့၏။
ယေရမိ 17:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “လူကိုကိုးစားသောသူ၊ လူ၏လက်ရုံးအားကိုမှီခိုသောသူ၊ ထာဝရဘုရားထံမှ ကျောခိုင်းသွားသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။ Common Language Bible ထာဝရဘုရားက၊ ``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။ Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ လူ သ တ္တ ဝါ ကို၊ လက် ရုံး အ ဖြစ် အား ထား လျက်၊ ထာ ဝ ရ ဘု ရား မှ စိတ် ဖောက် ပြန် သူ သည်၊ အ မင်္ဂ လာ ရှိ ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။ |
အာသမင်းကြီးနန်းစံသုံးဆယ့်ကိုးနှစ်တွင် သူ၏ခြေထောက်၌ အနာရောဂါစွဲကပ်၏။ ထိုအနာရောဂါသည် အလွန်ပြင်းထန်သော်လည်း ထာဝရဘုရားကို မရှာဘဲ သမားတော်များနှင့်သာ ဆေးကုသခဲ့၏။
သူတို့ဘက်၌ လူအင်အားရှိ၏။ ငါတို့ဘက်တွင်မူ စစ်ပွဲ၌ငါတို့ကိုကူညီတိုက်ခိုက်ပေးမည့် ငါတို့၏ဘုရားသခင်ထာဝရဘုရား ရှိ၏”ဟု အားပေးစကားပြော၏။ ယုဒဘုရင်ဟေဇကိမင်းကြီး၏စကားကြောင့် လူတို့ အားမာန်ပြည့်လာကြ၏။
အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ဆိုးယုတ်သောအမှုကို မပြုပါ။ ငါ၏ဘုရားသခင်ထံမှ ကျောခိုင်းမသွားပါ။
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။
သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
ကြည့်ရှုလော့။ သင်သည် ကျိုးနေသောကျူတောင်ဝှေးဖြစ်သည့် အီဂျစ်ပြည်ကို ကိုးစား၏။ ထိုတောင်ဝှေးကိုမှီလျှင် မှီသောသူ၏လက်ကို ထုတ်ချင်းပေါက်အောင် စူးတတ်၏။ အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် မိမိအား ကိုးစားသောသူအပေါင်းတို့ကို ထိုသို့ပြုတတ်၏။
သစ္စာသည် ပျောက်ဆုံးသွားလေပြီ။ မကောင်းမှုကို ရှောင်ကြဉ်သောသူသည် လုယက်ခြင်းခံရပါသည်တကား။ ထိုအမှုကို ထာဝရဘုရားမြင်တော်မူ၍ တရားမျှတမှုမရှိသောကြောင့် နှစ်မြို့တော်မမူ။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ဤပဋိညာဉ်၌ပါရှိသောအချက်တို့ကို နားမထောင်သောသူသည် ကျိန်ခြင်းကိုခံရမည်။
ထိုသို့ ဖမ်းသွားခြင်းခံရ၍ လူမျိုးခြားတို့အလယ်ရောက်ရှိနေသော ကြွင်းကျန်သူတို့သည် စိတ်နှလုံးဖောက်ပြန်၍ ငါ့ထံမှလမ်းလွဲသွားသောကြောင့်၊ မျက်စိဖောက်ပြန်၍ ရုပ်တုများနောက်သို့ လိုက်သွားခဲ့သောကြောင့် ငါမည်မျှရင်ကျိုးခဲ့ရသည်ကို သူတို့သိနားလည်လာကြလိမ့်မည်။ သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာကြလိမ့်မည်။
ဦးစွာဟောရှေအားဖြင့် ထာဝရဘုရားမိန့်ဆိုရာတွင် ထာဝရဘုရားက ဟောရှေအား “သင်သွား၍ ပြည့်တန်ဆာမိန်းမတစ်ဦးနှင့်စုံဖက်ပြီးလျှင် ပြည့်တန်ဆာသားသမီးတို့ကို မွေးဖွားလော့။ အကြောင်းမူကား ပြည်သည် အထပ်ထပ်ဖောက်ပြန်မှားယွင်းလျက် ထာဝရဘုရားထံမှ လမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။