သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။
ယေရမိ 17:15 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ထိုသူတို့က ငါ့အား “ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အဘယ်မှာနည်း။ ယခုပင် ရောက်လာပါလေစေ”ဟု ဆိုကြ၏။ Common Language Bible လူတို့ကငါ့အား``ငါတို့အားထာဝရဘုရား ကျိန်းဝါးသည့်အရာများကားအဘယ်မှာ နည်း။ ယခုပင်ထိုအရာများကိုအကောင် အထည်ဖော်တော်မူပါလေစေ'' ဟုဆိုကြ ပါ၏။ Garrad Bible ထို သူ တို့ က၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊ အ ဘယ် မှာ နည်း။ ရောက် ပါ စေ တော့ ဟု ဆို တတ် ကြ ၏။ Judson Bible ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။ |
သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။
“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
ထာဝရဘုရား၏နေ့တော်ကို စောင့်မျှော်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ ထာဝရဘုရား၏နေ့တော်ကို အဘယ်ကြောင့် သင်တို့ စောင့်မျှော်သနည်း။ ထိုနေ့သည် အလင်းမဟုတ်၊ အမှောင် ဖြစ်လိမ့်မည်။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။