အကျွန်ုပ်သည် မဟုတ်မမှန်သောသူတို့နှင့်အတူ မထိုင်ပါ။ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်လည်း အတူသွားလာမည်မဟုတ်ပါ။
ယေရမိ 16:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့အတူ စားသောက်ပွဲခံရာအိမ်သို့ မဝင်နှင့်။ သူတို့နှင့်အတူ ထိုင်၍မစားမသောက်နှင့်”ဟု မိန့်တော်မူ၏။ Common Language Bible ``သင်သည်သူတို့စားသောက်ပွဲကျင်းပနေ သည့်အိမ်သို့မဝင်နှင့်။ ထိုသူတို့နှင့်အတူ ထိုင်၍မစားမသောက်နှင့်၊- Garrad Bible ပွဲ သ ဘင် အိမ် ၌ လည်း၊ ဝင် ရောက် စား သောက် ထိုင် နေ ရ မည် မ ဟုတ်။ Judson Bible ထိုနည်းတူ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့်။ သူတို့နှင့်ပေါင်းဖော်၍ မစားမသောက်နှင့်။ |
အကျွန်ုပ်သည် မဟုတ်မမှန်သောသူတို့နှင့်အတူ မထိုင်ပါ။ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်လည်း အတူသွားလာမည်မဟုတ်ပါ။
အပျော်အပါးလိုက်စားသောသူတို့၏အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ပါး၍လည်း မနေပါ။ အကျွန်ုပ်အပေါ်၌ ကိုယ်တော်၏လက်တော်သက်ရောက်သောကြောင့် အကျွန်ုပ်တစ်ယောက်တည်းနေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ဒေါသနှင့်ပြည့်စေတော်မူပါ၏။
မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍
သို့သော် အမှန်အားဖြင့် သင်တို့ထံ ငါရေးခဲ့သည်မှာ ညီအစ်ကိုဟုခေါ်ဝေါ်ခြင်းခံရသူတစ်စုံတစ်ဦးသည် တရားနှင့်မညီမေထုန်ပြုသူ၊ လောဘလွန်ကျူးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဝေဖန်ပုတ်ခတ်သူ၊ သောက်စားမူးယစ်သူ၊ လိမ်လည်လုယူသူဖြစ်လျှင် ထိုကဲ့သို့သောသူနှင့် အပေါင်းအဖော်မပြုကြနှင့်။ သူနှင့်အတူစားသောက်ခြင်းပင် မပြုကြနှင့်ဟူ၍ဖြစ်၏။
အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။