လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
ယေရမိ 16:2 - မြန်မာ့စံမီသမ္မာကျမ်း “သင်သည် ဤအရပ်၌ အိမ်ထောင်မပြုရ။ သားသမီး မမွေးဖွားရ”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က``ဤသို့သောအရပ်တွင်သင်သည် အိမ်ထောင်သားမွေးမှုတို့ကိုမပြုနှင့်။- Garrad Bible သင် သည်၊ ဤ ဒေ သ အ ရပ် ၌ အိမ် ထောင် မ ပြု လင့်။ သား သ မီး မ ရှိ ရာ။ Judson Bible သင်သည် ဤအရပ်၌ စုံဖက်ခြင်းကို မပြုရ။ သားသမီးကို မဖွားမမြင်ရ။ |
လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
အကြောင်းမူကား ဤအရပ်၌မွေးဖွားသော သားသမီးများ၊ ဤပြည်၌ သူတို့ကိုမွေးဖွားသောသူတို့၏မွေးမိခင်၊ သူတို့၏မွေးဖခင်များနှင့်ပတ်သက်၍ ထာဝရဘုရားက
မိန်းမယူ၍ သားသမီးများကို မွေးဖွားကြလော့။ သားများကိုလည်း မိန်းမယူစေလော့။ သမီးများကိုလည်း ယောက်ျားယူစေလော့။ သားသမီးများ မွေးဖွားစေကြလော့။ ထိုအရပ်၌ မလျော့နည်းဘဲ တိုးပွားကြလော့။
ပွဲတော်နေ့၌ လူတို့ကိုဖိတ်ခေါ်သကဲ့သို့ ကြောက်လန့်ဖွယ်ရာတို့ကို အဘက်ဘက်မှ ကိုယ်တော်ဖိတ်ခေါ်တော်မူပြီ။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူတစ်ယောက်မျှမရှိ။ အကျွန်ုပ်ချီပိုက်၍ကျွေးမွေးစောင့်ရှောက်သောသူတို့ကို ရန်သူတို့ အကုန်အစင်ဖျက်ဆီးလေပြီ။
ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။
ထိုနေ့ရက်များ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤပြည်အပေါ်၌ ကြီးစွာသောဒုက္ခဆင်းရဲခြင်းကျရောက်၍ ဤလူမျိုးအပေါ်၌အမျက်တော်သက်ရောက်လိမ့်မည်။
အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။