အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။
ယေရမိ 15:5 - မြန်မာ့စံမီသမ္မာကျမ်း အို ဂျေရုဆလင်မြို့၊ သင့်ကိုမည်သူသနားမည်နည်း။ မည်သူစာနာထောက်ထားမည်နည်း။ မည်သူသည် သင့်အား သာကြောင်းမာကြောင်း လှည့်၍နှုတ်ခွန်းဆက်မည်နည်း”ဟု မိန့်တော်မူ၏။ Common Language Bible ``ယေရုရှလင်မြို့သားတို့၊သင်တို့အား အဘယ်သူသနားမည်နည်း။ သင်တို့အတွက်အဘယ်သူဝမ်းနည်း ပူဆွေးမည်နည်း။ အဘယ်သူသည်လမ်းတွင်ရပ်လျက်သင်တို့၏ ကျန်းမာမှုကိုမေးမြန်းမည်နည်း။ Garrad Bible အို ယေ ရု ရှ လင် မြို့၊ သင့် ကို သ နား မည့် သူ၊ စာ နာ မည့် သူ၊ အ ဖြစ် အ နေ ကို လှည့် ဝင် မေး မြန်း မည့် သူ ကား၊ အသူ နည်း။ သင် သည် ငါ့ ကို စွန့် ပစ် လျက် ပြန် ဆုတ် လေ ပြီ။ Judson Bible အို ယေရုရှလင်မြို့၊ သင့်ကို အဘယ်သူသနားလိမ့်မည်နည်း။ သင်နှင့်အတူ အဘယ်သူ ညည်းတွားလိမ့်မည်နည်း။ သင့်ကို ကျန်းမာ၏လောဟုမေးအံ့သောငှာ၊ အဘယ်သူလမ်းလွှဲလိမ့်မည်နည်း။ |
အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။
ကဲ့ရဲ့ပြစ်တင်ခြင်းသည် အကျွန်ုပ်၏စိတ်နှလုံးကိုကျိုးပဲ့စေ၍ အကျွန်ုပ်သည် အလွန်စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အကျွန်ုပ်သည် စာနာထောက်ထားမည့်သူကို စောင့်မျှော်သော်လည်း မရှိခဲ့ပါ။ နှစ်သိမ့်ပေးမည့်သူများကိုရှာသော်လည်း မတွေ့ခဲ့ပါ။
ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။
ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
ထာဝရဘုရားက “ငါသည် ဤလူမျိုးတို့ထံမှ ငါ၏ငြိမ်သက်ခြင်း၊ မေတ္တာကရုဏာ၊ သနားစုံမက်ခြင်းတို့ကို ရုပ်သိမ်းပြီ။ သို့ဖြစ်၍ အသုဘအိမ်ကို မဝင်နှင့်။ သွား၍ငိုကြွေးမြည်တမ်းခြင်း၊ နှစ်သိမ့်ခြင်း မပြုနှင့်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
ဇိအုန်မြို့သည် လက်ကိုဆန့်သော်လည်း နှစ်သိမ့်မည့်သူတစ်ယောက်မျှမရှိ။ ယာကုပ်ကို ရန်ပြုကြစေရန် ပတ်ပတ်လည်ရှိလူမျိုးတို့ကို ထာဝရဘုရားအမိန့်ပေးတော်မူပြီ။ ဂျေရုဆလင်မြို့သည် ထိုသူတို့အလယ်၌ မစင်ကြယ်သောအရာကဲ့သို့ဖြစ်လေပြီ။
သင့်ကိုမြင်သောသူအားလုံးတို့သည် ထွက်ပြေးကြ၍ ‘နိနေဝေမြို့ကြီး ပျက်စီးလေပြီ။ သူ့အဖို့ မည်သူမြည်တမ်းမည်နည်း’ဟု ဆိုကြလိမ့်မည်။ သင့်ကို နှစ်သိမ့်ပေးမည့်သူများကို အဘယ်မှာ ငါရှာတွေ့နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် လေဝိလူငယ်နေထိုင်ရာ မိက္ခာ၏အိမ်သို့ဝင်ပြီး သူ့အား သာကြောင်းမာကြောင်းနှုတ်ဆက်ကြ၏။
သူတို့သည် သင့်ကို သာကြောင်းမာကြောင်းမေးမြန်းနှုတ်ဆက်ကြလိမ့်မည်။ သင့်ကို မုန့်နှစ်လုံးပေး၍ သင်သည် သူတို့ထံမှ ခံယူရလိမ့်မည်။
ဒါဝိဒ်သည် သူနှင့်အတူပါလာသောပစ္စည်းများကို ပစ္စည်းထိန်းလက်၌ အပ်ထားခဲ့ပြီး စစ်မြေပြင်သို့ပြေးသွားကာ အစ်ကိုတို့ကို သွား၍တွေ့ဆုံနှုတ်ဆက်၏။
ငယ်သားဆယ်ဦးကို လွှတ်၍ ဒါဝိဒ်က ထိုငယ်သားတို့အား “ကရမေလမြို့သို့ တက်သွားပြီး နာဗလထံသို့ သွားကြလော့။ ငါ့ကိုယ်စား သူ့ကို နှုတ်ဆက်ကြလော့။