ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင် ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
ယေရမိ 11:14 - မြန်မာ့စံမီသမ္မာကျမ်း သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ အကြောင်းမူကား သူတို့သည် ဘေးအန္တရာယ်ရောက်ချိန်၌ ငါ့ကိုခေါ်သောအခါ ငါနားထောင်မည်မဟုတ်။ Common Language Bible ယေရမိ၊ ထိုသူတို့အဖို့နှင့်သူတို့၏ကိုယ် စားငါ့ထံသို့မတောင်းပန်နှင့်၊ အသနားမ ခံနှင့်။ ဆုတောင်းပတ္ထနာလည်းမပြုနှင့်။ သူတို့ ဒုက္ခရောက်၍ကူမရန်ငါ့ထံဟစ်အော်ကြ သောအခါငါသည်နားထောင်လိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။ Garrad Bible သင် မှာ မူ၊ ဤ လူ မျိုး အ ဖို့ ဆု တောင်း ခြင်း၊ ပ ဌ နာ ပြု ခြင်း၊ တောင်း လျှောက် ခြင်း များ ကို မ ပြု ရ။ ဒု က္ခ တွေ့ သည့် ကာ လ၊ ငါ့ ထံ ဟစ် ကြ သော် လည်း၊ နား ညောင်း မည် မ ဟုတ် ဟု ငါ့ အား မိန့် တော် မူ ၏။ Judson Bible သို့ဖြစ်၍ သင်သည် ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သောစကားကို ငါနားမထောင်။ |
ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင် ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
သို့ဖြစ်၍ ငါ့ကိုမတားနှင့်။ ငါသည် သူတို့ကို အမျက်ထွက်၍ ဖျက်ဆီးပစ်မည်။ သင့်ကိုကား လူမျိုးကြီးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့ပြေး၍မလွတ်နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ် ငါကျရောက်စေမည်။ ငါ့ကိုဟစ်အော်သော်လည်း ငါနားထောင်မည်မဟုတ်။
သူတို့အစာရှောင်အော်ဟစ်လျှင်လည်း ငါနားညောင်းမည်မဟုတ်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်လည်း ငါလက်ခံမည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သူတို့ကို ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
“သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ ကြားဝင်စေ့စပ်ခြင်းမပြုနှင့်။ သင်၏စကားကို ငါနားထောင်မည်မဟုတ်။
ထာဝရဘုရားသည် သူတို့ကို စွန့်ခွာတော်မူပြီဖြစ်၍ သိုးအုပ်၊ နွားအုပ်တို့ဖြင့် ထာဝရဘုရားကို သွား၍ရှာဖွေကြသော်လည်း သူတို့ တွေ့ကြရမည်မဟုတ်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါခေါ်သောအခါ သူတို့မထူးသကဲ့သို့ သူတို့ခေါ်သောအခါ၌လည်း ငါမထူး’ဟု မိန့်တော်မူ၏။
သင်တို့ပြုသောအပြစ်နောက်တစ်ခုမှာ ထာဝရဘုရားသည် သင်တို့ပေးလှူသောပူဇော်သက္ကာကို လက်မခံ၊ အရေးမစိုက်သောကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းလျက် ထာဝရဘုရား၏ယဇ်ပလ္လင်ကို မျက်ရည်ဖြင့် လွှမ်းမိုးစေကြ၏။
တစ်စုံတစ်ယောက်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးပြုနေသည့် မိမိညီအစ်ကိုကိုတွေ့လျှင် သူသည် ဆုတောင်းရမည်။ ထိုအခါ ဘုရားသခင်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်ပြုနေသည့် ထိုညီအစ်ကိုအား အသက်ကိုပေးတော်မူလိမ့်မည်။ သေခြင်းသို့ပို့ဆောင်သောအပြစ်မျိုးရှိ၏။ ထိုသို့သောအပြစ်အတွက် တောင်းလျှောက်ရမည်ဟု ငါမဆိုလို။