ယေရမိ 11:14 - Common Language Bible14 ယေရမိ၊ ထိုသူတို့အဖို့နှင့်သူတို့၏ကိုယ် စားငါ့ထံသို့မတောင်းပန်နှင့်၊ အသနားမ ခံနှင့်။ ဆုတောင်းပတ္ထနာလည်းမပြုနှင့်။ သူတို့ ဒုက္ခရောက်၍ကူမရန်ငါ့ထံဟစ်အော်ကြ သောအခါငါသည်နားထောင်လိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 သင် မှာ မူ၊ ဤ လူ မျိုး အ ဖို့ ဆု တောင်း ခြင်း၊ ပ ဌ နာ ပြု ခြင်း၊ တောင်း လျှောက် ခြင်း များ ကို မ ပြု ရ။ ဒု က္ခ တွေ့ သည့် ကာ လ၊ ငါ့ ထံ ဟစ် ကြ သော် လည်း၊ နား ညောင်း မည် မ ဟုတ် ဟု ငါ့ အား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 သို့ဖြစ်၍ သင်သည် ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သောစကားကို ငါနားမထောင်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ အကြောင်းမူကား သူတို့သည် ဘေးအန္တရာယ်ရောက်ချိန်၌ ငါ့ကိုခေါ်သောအခါ ငါနားထောင်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-