ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့မှ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သော ဟိလခိ၏သား ယေရမိဆင့်ဆိုသောနှုတ်ကပတ်တော်။
ဤကျမ်းစာတွင် ယေရမိမြွက်ဟပြောဆို ချက်တို့ကိုဖော်ပြထားလေသည်။ သူသည် ဗင်္ယာမိန်နယ်မြေ၊ အာနသုတ်မြို့ရှိယဇ်ပုရော ဟိတ်တစ်ပါးဖြစ်သူဟိလခိ၏သားဖြစ် သည်။-
အာ မုန် မင်း သား တော် ယု ဒ ဘု ရင် ယော ရှိ မင်း နန်း စံ တစ် ဆယ့် သုံး နှစ် တွင်၊ ဗင်္ယာ မိန် နယ် အာ န သုတ် မြို့ ရှိ ပ ရော ဟိတ် တို့ အ နက်၊ ဟိ လ ခိ သား ယေ ရ မိ သို့ ရောက် လာ သော ဘု ရား သ ခင်၏ ဗျာ ဒိတ် တော် အ တိုင်း လည်း ကောင်း၊
ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်း နန်းစံဆယ်သုံးနှစ်တွင်လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၌လည်းကောင်း၊ ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိမင်း နန်းစံဆယ်တစ်နှစ်စေ့၍ ပဥ္စမလတွင်၊ ယေရုရှလင်မြို့သားတို့ကို သိမ်းသွားချုပ်ထားသည် တိုင်အောင်၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသား ယဇ်ပုရောဟိတ်ယေရမိစကားမှာ၊
ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင်
ဗင်္ယာမိန်အမျိုးအနွယ်၏နယ်မြေထဲမှ ဂေဗမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာလမက်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာနသုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကို သူတို့မျိုးနွယ်စုအတွက် ခွဲဝေပေး၏။
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင့်ဆိုသောပရောဖက်ယေရမိရှေ့တွင် မိမိကိုယ်ကိုနှိမ့်ချခြင်းမရှိ။
အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
အာနသုတ်မြို့သား တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
အို ဂလ္လိမ်မြို့သမီးပျို၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ အာရုံစိုက်နားထောင်လော့။ အို အာနသုတ်မြို့၊ သနားစရာကောင်းလှပါတကား။
ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်တော်။
ထို့ကြောင့် “ငါတို့လက်ဖြင့် သင်မသေရမည့်အကြောင်း ထာဝရဘုရား၏နာမတော်ဖြင့် ပရောဖက်မပြုနှင့်”ဟု ဆိုလျက် သင့်အသက်ကိုရန်ရှာသော အာနသုတ်မြို့သားတို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
ယခု သင်တို့တွင် ပရောဖက်ပြုဟောပြောနေသော အာနသုတ်မြို့သားယေရမိကို အဘယ်ကြောင့် မဆုံးမသနည်း။
ယေရမိထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်မှာ ဤသို့ဖြစ်၏။
ယေရမိသည် ဗင်္ယာမိန်ပြည်သားတို့နှင့်အတူ အမွေခွဲဝေရယူရန် ဂျေရုဆလင်မြို့မှ ဗင်္ယာမိန်ပြည်သို့ သွားလေ၏။
ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
ဒါရိမင်းကြီးနန်းစံပထမနှစ်တွင် ငါဒံယေလသည် ဂျေရုဆလင်မြို့ပျက်စီးမည့်နှစ်ပေါင်းမှာ အနှစ်ခုနစ်ဆယ်ဖြစ်ကြောင်း ပရောဖက်ယေရမိပြောကြားခဲ့သောထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကျမ်းစာလိပ်အားဖြင့် သိခဲ့ရ၏။
ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။
ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။
တပည့်တော်တို့ကလည်း “အချို့တို့က ဗတ္တိဇံဆရာယောဟန်ဟုဆိုကြ၍ အချို့တို့က ဧလိယဟုဆိုကြပါသည်။ အချို့တို့ကလည်း ယေရမိ၊ သို့မဟုတ် ပရောဖက်များထဲမှ တစ်ပါးပါးဖြစ်သည်ဟုဆိုကြပါသည်”ဟူ၍ လျှောက်ကြ၏။
ထိုအခါ “သူတို့သည် တန်ဖိုးဖြတ်ခြင်းခံရသောသူ၏အဖိုးငွေတည်းဟူသော အစ္စရေးအမျိုးသားတို့တန်ဖိုးဖြတ်ထားသည့် ငွေဒင်္ဂါးသုံးဆယ်ကိုယူ၍ အကျွန်ုပ်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အိုးထိန်းသည်၏မြေယာအတွက် ထိုငွေတို့ကိုပေးကြ၏”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူခဲ့သောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။