မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။
ယေဇကျေလ 8:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ “အချင်းလူသား၊ ယခု မြောက်ဘက်သို့ မျှော်ကြည့်လော့”ဟု မိန့်တော်မူသဖြင့် မြောက်ဘက်သို့ ငါမျှော်ကြည့်သော် မြောက်ဘက်၊ ယဇ်ပလ္လင်တံခါးအဝင်ဝတွင် ဝန်တိုခြင်းရုပ်တု စိုက်ထူထားသည်ကို တွေ့ရ၏။ Common Language Bible ဘုရားသခင်ကငါ့အား``အချင်းလူသား၊ မြောက်ဘက်သို့ကြည့်လော့'' ဟုမိန့်တော်မူသဖြင့်ကြည့်လိုက်သောအခါ တံခါးဝအနီးယဇ်ပလ္လင်ဘေးတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုကိုငါမြင်ရ၏။ Garrad Bible ကိုယ် တော် က၊ အ ချင်း လူ့ သား၊ မြောက် မျက် နှာ သို့ မြော် ကြည့် လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ မြောက် မျက် နှာ သို့ မြော် ကြည့် သော်၊ ပူ ဇော် ရာ ပ လ္လင် တော် တံ ခါး ဝ မြောက် ဘက်၌၊ ရှု စိတ် တော် မ မူ လို သော ထို ရုပ် ပွား ကို ငါ မြင် ရ လျှင်၊ Judson Bible အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့်လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌အမျက်တော်ကို နှိုးဆော်သောရုပ်တုရှိ၏။ |
မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။
သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
တောင်ကတုံးများပေါ်သို့ မျှော်ကြည့်လော့။ ယောက်ျားတို့နှင့် သင်မအိပ်ဖူးသောနေရာ ရှိသလော။ တောကန္တာရမှ အာရပ်လူမျိုးကဲ့သို့ သင်သည် လမ်းများ၌ထိုင်၍ သူတို့ကို စောင့်နေ၏။ သင်သည် ဖောက်ပြန်သောအပြစ်အားဖြင့်လည်းကောင်း၊ မကောင်းမှုအားဖြင့်လည်းကောင်း ပြည်ကိုညစ်ညူးစေပြီ။
ငါ့နာမဖြင့်ခေါ်ဝေါ်သော ငါ့အိမ်တော်၌ ရွံရှာဖွယ်ရာများကိုထားရှိခြင်းဖြင့် ငါ့အိမ်တော်ကို ညစ်ညူးစေကြပြီ။
ထာဝရဘုရားက “အကယ်စင်စစ် ယုဒအမျိုးသားတို့သည် ငါ့ရှေ့၌ မကောင်းမှုကိုပြုကြပြီ။ သူတို့သည် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်၌ ရွံရှာဖွယ်ရုပ်တုများကိုထား၍ ညစ်ညူးစေကြပြီ။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။