ကြည့်ရှုလော့။ သူတို့ကို အကောင်း မဟုတ်၊ အဆိုးပြုရန် ငါကြည့်နေ၏။ အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့ တစ်ယောက်မကျန် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဖျက်ဆီးခြင်းခံရမည်။
ယေဇကျေလ 7:6 - မြန်မာ့စံမီသမ္မာကျမ်း သင့်နိဂုံးချုပ်ချိန် ရောက်လေပြီ။ သင့်နိဂုံးချုပ်ချိန် ရောက်လေပြီ။ ကြည့်ရှုလော့။ သင့်ထံ ရုတ်တရက်ရောက်လာပြီ။ Common Language Bible သင်ပျက်သုဉ်းရာအချိန်ရောက်ပြီ။ ဆုံးပါး ပျက်စီးရာအချိန်ရောက်ပြီ။ သင့်ကိုဆန့်ကျင် လျက်ရောက်ရှိလာပြီ။- Garrad Bible အ ဆုံး ရောက် ပြီ။ အ ဆုံး ရောက် ပြီ။ နိုး ထ လျက် ရောက် လေ ပြီ တ ကား။ Judson Bible ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေးရောက်လာ၏။ သင့်ကိုစောင့်လျက် ရောက်လာ၏။ |
ကြည့်ရှုလော့။ သူတို့ကို အကောင်း မဟုတ်၊ အဆိုးပြုရန် ငါကြည့်နေ၏။ အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့ တစ်ယောက်မကျန် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဖျက်ဆီးခြင်းခံရမည်။
သူတို့သည် ငါတို့ကို ခြေရာခံလိုက်ကြသောကြောင့် လမ်းပေါ်၌ ငါတို့မသွားမလာနိုင်။ ငါတို့နိဂုံးချုပ်ချိန် နီးလာပြီ။ ငါတို့နိဂုံးချုပ်ချိန် ရောက်လာပြီဖြစ်၍ ငါတို့အသက်ရှင်ရသောနေ့ ကုန်ဆုံးလေပြီ။
သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသော ထိုဆိုရိုးစကားကို ငါအဆုံးသတ်စေမည်။ နောင်တွင် ထိုစကားကို အစ္စရေးပြည်၌ ပြောဆိုရတော့မည်မဟုတ်။ ဗျာဒိတ်နိမိတ်ဟူသမျှ ဖြစ်လာမည့်နေ့ ရောက်တော့မည်’ဟု မိန့်တော်မူ၏။
အို သေဒဏ်ခံရမည့်ဆိုးယုတ်သောအစ္စရေး၏ခေါင်းဆောင်၊ သင်အပြီးသတ်ဒဏ်ခတ်ခံရမည့် နေ့ရက်အချိန်ရောက်လာပြီ’ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ငါမိန့်ဆိုခဲ့သောနေ့ရက်သည် အမှန်ပင်ရောက်ရှိဖြစ်ပျက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ အချိန်ကျရောက်လေပြီ။ ပျက်စီးခြင်း ရောက်လာလေပြီ။ တောင်ဝှေးသည် အဖူးဖူးလေပြီ။ မာန်မာနသည် အပွင့်ပွင့်လေပြီ။
ယခုမှာ သင့်နိဂုံးချုပ်ချိန်သည် သင့်ထံရောက်လာပြီ။ သင့်ထံသို့ ငါ့အမျက်ကို လွှတ်လိုက်မည်။ သင်ပြုခဲ့သည့်အတိုင်း သင့်ကိုစီရင်မည်။ သင်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို သင့်အား ပြန်ပေးဆပ်စေမည်။
အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
ကိုယ်တော်က “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “နွေရာသီသီးနှံထည့်ထားသောတောင်းကို မြင်ပါ၏”ဟု လျှောက်ရာ ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့၏နိဂုံးသည် ရောက်လာလေပြီ။ သူတို့ကို ငါအလွတ်ပေးတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။