ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
ယေဇကျေလ 7:5 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ဘေးအန္တရာယ်တစ်ခုပြီးတစ်ခု လာလေပြီ။ Common Language Bible အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ဘေးဒုက္ခတစ်ခုပြီးတစ်ခုသင့်ထံ သို့ရောက်ရှိလာလိမ့်မည်။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း ဘေး သင့် ပြီ။ အ ဆုံး သတ် ဘေး ရောက် ပြီ တ ကား။ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးတစ်ခု နောက်တစ်ခုရောက်လာ၏။ |
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
အကြောင်းမူကား ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲကျသော်လည်း ပြန်ထလိမ့်မည်။ ဆိုးယုတ်သောသူတို့မူကား ဘေးအန္တရာယ်ကြောင့် ကျရှုံးရလိမ့်မည်။
ကင်းစောင့်က “နံနက်ရောက်လာပါ၏။ ညလည်းရောက်လာပါ၏။ မေးမြန်းလိုလျှင် မေးမြန်းကြပါလော့။ ပြန်လာကြလော့။ ပြန်လာကြလော့”ဟု ပြန်ပြော၏။
‘အို ယုဒဘုရင်နှင့် ဂျေရုဆလင်မြို့သားတို့၊ ထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် ဤအရပ်၌ဘေးအန္တရာယ် ကျရောက်စေမည်။ ကြားရသူတိုင်း နားခါးလိမ့်မည်။
သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ကြောင့် ငါမပြုဖူးသော၊ နောင်တွင်လည်း ပြုမည်မဟုတ်သောအမှုကို သင်၌ငါပြုမည်။
အချိန်ကျရောက်ပြီ။ နေ့ရက်ရောက်လာလေပြီ။ လူအပေါင်းတို့အား ငါအမျက်ထွက်သည်ဖြစ်၍ ဝယ်သူလည်း ဝမ်းမမြောက်နှင့်၊ ရောင်းသူလည်း မညည်းတွားနှင့်။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
အလို၊ ထာဝရဘုရား၏နေ့ရက်ပါတကား။ ထိုနေ့ရက် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံတော်မှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကိုဆန့်ကျင်၍ မည်သည့်အကြံကို သင်တို့ကြံစည်နေကြသနည်း။ ကိုယ်တော်သည် အဆုံးသတ်စေပြီ။ ဆင်းရဲဒုက္ခကို ဒုတိယအကြိမ် ရောက်လာစေမည်မဟုတ်။
ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။
အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။