ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ယေဇကျေလ 48:28 - မြန်မာ့စံမီသမ္မာကျမ်း ဂဒ်တောင်ဘက်နယ်နိမိတ်နှင့်ကပ်လျက်ရှိသောနယ်နိမိတ်မှာ တာမာမြို့မှ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနားအထိ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်သို့ ရောက်သွားသည်အထိဖြစ်၏။ Common Language Bible ဂဒ်အနွယ်အားပေးစေသည့်မြေယာ၏တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှကာဒေရှစိမ့်စမ်းအထိဖြစ်၍ ထိုမှအနောက်မြောက်ဘက်ရှိအီဂျစ်ပြည်နယ်နိမိတ်အတိုင်းလိုက်၍မြေထဲပင်လယ်အထိဖြစ်၏။ Garrad Bible ဂဒ် နယ် စပ် တ ရှောက် တောင် အ လား သည်။ တာ မ မြို့ မှ ကာ ဒေ ရှ မြို့ မေ ရိ ဘ စမ်း ရေ၊ အိ ဂျစ် ချောင်း မြေ ထဲ ပင် လယ် ထိ ရောက် မည်။ Judson Bible ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။ |
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
လူတို့သည်လာ၍ ယောရှဖတ်မင်းကြီးအား “ပင်လယ်တစ်ဖက်ကမ်း ဆီးရီးယားပြည်မှ စစ်တပ်ကြီးချီလာပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာမြို့တွင် တပ်ချနေပါသည်”ဟူသောသတင်းကို ကြားပြောလျှင်
သူတို့သည် မေရိဘစမ်းရေအနားတွင်လည်း အမျက်တော်ထွက်စေကြသဖြင့် မောရှေသည် သူတို့ကြောင့် ဒုက္ခရောက်ရ၏။
အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ်လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။
အင်္ဂေဒိမှ ဧနေဂလိအရပ်တိုင်အောင် ကမ်းစပ်တစ်လျှောက်သည် တံငါသည်တို့ကျင်လည်ရာ၊ သူတို့၏ပိုက်ကွန်များဖြန့်ရာအရပ် ဖြစ်လိမ့်မည်။ မြေထဲပင်လယ်ရှိငါးများကဲ့သို့ ထိုအရပ်၌ ငါးတို့သည် အမျိုးအလိုက် အလွန်များပြားကြလိမ့်မည်။
ဤပြည်၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် မြေထဲပင်လယ်မှစ၍ ဟေသလုန်လမ်းအတိုင်း ဇေဒဒ်မြို့၊
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ရန်တွေ့သောနေရာကို မေရိဘစမ်းရေဟုခေါ်၏။ ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို သူတို့အား ထိုနေရာတွင် ပြတော်မူ၏။
ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်