ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။
ယေဇကျေလ 48:21 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသောအလှူမြေနှင့် မြို့ပိုင်မြေ၏ဘေးတစ်ဖက်တစ်ချက်ရှိမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ ထိုမြေသည် အရှေ့ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အရှေ့ဘက်နယ်နိမိတ်အဆုံးထိ၊ အနောက်ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အနောက်ဘက်နယ်နိမိတ်အဆုံးထိ ဖြစ်ရမည်။ အလျားမှာ မျိုးနွယ်ပိုင်မြေနှင့်ထိစပ်ရမည်။ ထိုမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ သန့်ရှင်းသောအလှူမြေနှင့် အိမ်တော်ရှိသန့်ရှင်းရာဌာနသည် အလယ်ဗဟိုတွင်ရှိရမည်။ Common Language Bible ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။ Garrad Bible အ လယ် တွင် သီး သန့် သော ဝ တ္ထု ကံ မြေ နှင့်၊ သန့် ရှင်း ရာ ဌာ န တော် ပါ သော၊ ပြည့် ရှင် မင်း အ ရာ တော် ကား။ အ တောင် နှစ် သောင်း ငါး ထောင် ကျယ်၊ သီး သန့် သော ဝ တ္ထု ကံ မြေ နှင့် မြို့ တော် ဆင် ခြေ ဖုံး များ၏ အ ရှေ့ အ နောက် နှစ် ဘက်၌။ လေ ဝိ ဂိုဏ်း သား တို့ ဝ တ္ထု ကံ မြေ စွန်း မှ၊ မြို့ တော် ဆင် ခြေ ဖုံး စွန် အ ထိ။ အ နွယ် တ နွယ်၏ ဝေ ပုံ အ လျား နှင့် အ မျှ၊ ယု ဒ ဗင်္ယာ မိန် နှစ် နယ် ကြား တွင် ကျန် သေး သော မြေ တည်း။ Judson Bible ထိုသန့်ရှင်းသော ပူဇော်သကာမြေနှင့် မြို့နယ်နှစ်ဖက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဖို့ ဖြစ်ရမည်။ သန့်ရှင်းသောပူဇော်သကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာကျရမည်။ |
ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။
ဤမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သန့်ရှင်းသောအလှူမြေဖြစ်ရမည်။ မြောက်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနောက်ဘက်တွင် အနံအတောင်တစ်သောင်း၊ အရှေ့ဘက်တွင် အနံအတောင်တစ်သောင်း၊ တောင်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်ရှိရမည်။ ဤမြေ၏အလယ်ဗဟိုတွင် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာနရှိရမည်။
အလှူမြေတစ်ခုလုံးသည် စတုရန်းပုံရှိ၍ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်နှစ်သောင်းငါးထောင် ရှိရမည်။ သန့်ရှင်းသောအလှူမြေနှင့်အတူ မြို့ပိုင်မြေကိုပါ ပေးလှူရမည်။
လေဝိအမျိုးပိုင်မြေနှင့် မြို့ပိုင်မြေသည် မင်းသားပိုင်မြေနှစ်ခု၏ကြားတွင် ရှိရမည်။ မင်းသားပိုင်မြေသည် ယုဒနယ်နိမိတ်နှင့် ဗင်္ယာမိန်နယ်နိမိတ်ကြားတွင် ရှိရမည်။
ယုဒနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် သင်တို့ပေးလှူရမည့် အလှူမြေဖြစ်၏။ ဤမြေသည် အနံအတောင်နှစ်သောင်းငါးထောင်၊ အလျားမှာ မျိုးနွယ်တစ်နွယ်ရသောဝေစုအတိုင်း အရှေ့ဘက်မှ အနောက်ဘက်ခြမ်းတိုင်အောင် အလျားတူရမည်။ ဤမြေ၏အလယ်ဗဟိုတွင် သန့်ရှင်းရာဌာနရှိရမည်။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။