အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ မြို့၌အလုပ်လုပ်သောသူတို့သည် ထိုမြေကိုထွန်ယက်လုပ်ကိုင်ကြလိမ့်မည်။
ယေဇကျေလ 48:20 - မြန်မာ့စံမီသမ္မာကျမ်း အလှူမြေတစ်ခုလုံးသည် စတုရန်းပုံရှိ၍ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်နှစ်သောင်းငါးထောင် ရှိရမည်။ သန့်ရှင်းသောအလှူမြေနှင့်အတူ မြို့ပိုင်မြေကိုပါ ပေးလှူရမည်။ Common Language Bible သို့ဖြစ်၍သီးသန့်ထားရမည့်အလယ်နယ်မြေတစ်ခုလုံးသည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍ တစ်ဘက်စီတွင်ရှစ်မိုင်ရှိလိမ့်မည်။ ထိုနယ်မြေအတွင်း၌မြို့တည်ရှိမည်။ Garrad Bible မြို့ တော် ဆင် ခြေ ဖုံး နှင့် တ ကွ သီး သန့် ရာ ဝ တ္ထု ကံ အ ဖြစ် လှူ ဆက် ရ မည့်၊ မြေ တ ကွက် လုံး ကား။ စ တု ရန်း အ တောင် နှစ် သောင်း ငါး ထောင် စီ တည်း။ Judson Bible ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ နှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။ |
အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ မြို့၌အလုပ်လုပ်သောသူတို့သည် ထိုမြေကိုထွန်ယက်လုပ်ကိုင်ကြလိမ့်မည်။
သန့်ရှင်းသောအလှူမြေနှင့် မြို့ပိုင်မြေ၏ဘေးတစ်ဖက်တစ်ချက်ရှိမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ ထိုမြေသည် အရှေ့ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အရှေ့ဘက်နယ်နိမိတ်အဆုံးထိ၊ အနောက်ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အနောက်ဘက်နယ်နိမိတ်အဆုံးထိ ဖြစ်ရမည်။ အလျားမှာ မျိုးနွယ်ပိုင်မြေနှင့်ထိစပ်ရမည်။ ထိုမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ သန့်ရှင်းသောအလှူမြေနှင့် အိမ်တော်ရှိသန့်ရှင်းရာဌာနသည် အလယ်ဗဟိုတွင်ရှိရမည်။
အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း သူသည် နောက်မှ ကောင်းချီးမင်္ဂလာကိုအမွေဆက်ခံလိုသော်လည်း ငြင်းပယ်ခြင်းခံရ၍ ၎င်းကို မျက်ရည်ဖြင့်ပြန်တောင်းသော်လည်း နောင်တရသောအခွင့်ကို မရရှိခဲ့ပေ။
ထိုမြို့သည် စတုရန်းပုံရှိ၍ ၎င်း၏အလျားနှင့်အနံသည် တူညီ၏။ ကောင်းကင်တမန်သည် ရွှေကျူရိုးဖြင့် မြို့ကိုတိုင်းလေရာ မိုင်ပေါင်းတစ်ထောင့်သုံးရာရှစ်ဆယ်ခန့် ရှိ၍ ၎င်း၏အလျား၊ အနံ၊ အမြင့်တို့သည် တူညီကြ၏။