သန့်ရှင်းသောမြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်ငါးထောင်ကို မြို့ပိုင်မြေအဖြစ် ပေးရမည်။ ထိုမြေသည် အစ္စရေးတစ်မျိုးနွယ်လုံးအဖို့ ဖြစ်ရမည်။
ယေဇကျေလ 48:18 - မြန်မာ့စံမီသမ္မာကျမ်း အလှူမြေနှင့်ကပ်လျက်ရှိသော ကျန်မြေ၏အလျားသည် အရှေ့ဘက်တွင် အတောင်တစ်သောင်း၊ အနောက်ဘက်တွင် အတောင်တစ်သောင်း ရှိရမည်။ ထိုမြေသည် သန့်ရှင်းသောအလှူမြေနှင့်ကပ်လျက်ရှိ၍ ထိုမြေမှထွက်သောအသီးအနှံသည် မြို့၌အလုပ်လုပ်သူတို့ စားဖို့ဖြစ်ရမည်။ Common Language Bible မြို့ကိုတည်ပြီးနောက်သန့်ရှင်းမြင့်မြတ်သည့်နယ်မြေ၏တောင်ဘက်တွင်ကပ်လျက်နေသောမြေယာမှာအရှေ့ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေနှင့်အနောက်ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေတို့သည်မြို့သူမြို့သားတို့ထွန်ယက်စိုက်ပျိုးရန်အတွက်ဖြစ်ရမည်။- Garrad Bible မြို့ တော့် အ ရှေ့ အ နောက်၌။ သီး သန့် သော ဝ တ္ထု ကံ မြေ စပ် တ လျှောက်၊ ကျန် သေး သော အ တောင် တ သောင်း စီ မြေ ကို။ မြို့ တော် တွင် ဣ သ ရေ လ တစ် ဆယ့် နှစ် နွယ် ဝင် လုပ် သား တို့ သည်။ ခြံ လုပ်၍ အ သီး အ နှံ ကို သုံး စား ခွင့် ရ ကြ လိမ့် မည်။ Judson Bible သန့်ရှင်းသော မြေအနားမှာ အလျား၌ ကြွင်းသေးသော အရှေ့ဘက်၌ တစ်သောင်း၊ အနောက်ဘက်၌ တစ်သောင်း ကျယ်သောမြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဖို့ဖြစ်ရမည်။ |
သန့်ရှင်းသောမြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်ငါးထောင်ကို မြို့ပိုင်မြေအဖြစ် ပေးရမည်။ ထိုမြေသည် အစ္စရေးတစ်မျိုးနွယ်လုံးအဖို့ ဖြစ်ရမည်။
မြို့၏စားကျက်မြေမှာ မြောက်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ်၊ တောင်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ်၊ အရှေ့ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ်၊ အနောက်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ် ရှိရမည်။
အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ မြို့၌အလုပ်လုပ်သောသူတို့သည် ထိုမြေကိုထွန်ယက်လုပ်ကိုင်ကြလိမ့်မည်။
ထိုနေ့၌ပင် သူတို့ကို ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌တည်သောယဇ်ပလ္လင်နှင့် အစ္စရေးလူထုအတွက် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် ယောရှုစီရင်ပေးထား၍ ယနေ့တိုင်အောင် ထိုအမှုကို သူတို့ပြုကြ၏။