ထိုသူက ငါ့အား “ဤမြစ်ရေသည် အရှေ့ဘက်အရပ်သို့ဦးတည်ပြီး အရာဗလွင်ပြင်ကိုဖြတ်ကာ ပင်လယ်ထဲသို့ စီးဝင်သွား၏။ ပင်လယ်ထဲသို့ ရောက်သွားသောအခါ ပင်လယ်ရေသည် ရေချိုဖြစ်သွား၏။
ထိုလူက ``ဤရေသည်မြေပြင်ကိုဖြတ်၍ အရှေ့ဘက်သို့စီးဆင်းရာယော်ဒန်ချိုင့်ဝှမ်း နှင့်ပင်လယ်သေထဲသို့စီးဆင်းသွားကာ ထိုပင်လယ်ရေငန်ကိုရေချိုဖြစ်စေ၏။-
ထို သူ က၊ ဤ မြစ် သည် အ ရှေ့ ခ ရိုင် နှင့်၊ အ ရာ ဗာ ချိုင့် ကို ဖြတ်၍၊ ရေ ငံ အိုင် သို့ စီး ဆင်း ဝင် ရောက် သ ဖြင့်၊ အိုင် ရေ ချို လိမ့် မည်။
ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကိုလျှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။
တောကန္တာရနှင့်ခြောက်သွေ့သောအရပ်သည် ရွှင်မြူးကြလိမ့်မည်။ သဲကန္တာရသည် ရွှင်လန်း၍ နှင်းဆီပန်းကဲ့သို့ ဖူးပွင့်လိမ့်မည်။
ခြေမသန်သူတို့သည် သမင်ကဲ့သို့ခုန်ပေါက်ကြလိမ့်မည်။ ဆွံ့အသောလျှာသည် ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်။ တောကန္တာရ၌ရေပန်းထွက်၍ သဲကန္တာရ၌စမ်းချောင်းစီးလိမ့်မည်။
ခြစ်ခြစ်တောက်ပူသောသဲမြေသည် ရေအိုင်ဖြစ်လိမ့်မည်။ ခြောက်ကပ်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ ခွေးအတို့ကျက်စားရာနေရာ၊ လဲလျောင်းရာနေရာ၌ မြက်ပင်နှင့်အတူ ကျူပင်နှင့်ကျူပင်ကြီးတို့ ပေါက်လိမ့်မည်။
ငါရွေးချယ်သော ငါ့လူမျိုးတို့သောက်ဖို့ရန် တောကန္တာရ၌ရေများကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါပေးသောကြောင့် ခွေးအများ၊ ငှက်ကုလားအုတ်များနှင့် တောရိုင်းတိရစ္ဆာန်တို့သည် ငါ့ကို ဂုဏ်ပြုချီးမွမ်းကြလိမ့်မည်။
အချုပ်ခံရသောသူတို့အား ‘ထွက်လာကြ’၊ အမှောင်ထဲ၌ရှိသောသူတို့အား ‘ထွက်ခဲ့ကြ’ဟု သင်ဆိုလိမ့်မည်။ ထိုသူတို့သည် လမ်းခရီးတစ်လျှောက် အစာစားရမည်။ တောင်ကတုံးတို့သည် သူတို့ကျက်စားရာအရပ်ဖြစ်မည်။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။
အကြောင်းမှာ ကောင်းကင်တမန်သည် ရေကန်သို့ တစ်ခါတစ်ရံဆင်းလာပြီး ရေကိုလှုပ်ရှားစေတတ်၏။ ထိုသို့ ရေလှုပ်ရှားသည့်နောက် ရေထဲသို့ အဦးဆုံးဆင်းသောသူသည် မည်သည့်ရောဂါစွဲကပ်နေသည်ဖြစ်စေ ရောဂါပျောက်ကင်းတတ်၏။]
ဂျော်ဒန်မြစ်ဖြင့်နယ်နိမိတ်ပိုင်းခြားထားသည့်အရာဗလွင်ပြင်အထိ ငါပေး၏။ ထိုအရာဗလွင်ပြင်သည် ဂင်နေသရက်အိုင်မှ အရှေ့ဘက်ပိသဂါတောင်ခြေရှိ ဆားပင်လယ်ဟုခေါ်သော အရာဗပင်လယ်အထိကျယ်ပြန့်၏။
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အရာဗလွင်ပြင်တစ်ခုလုံးမှစ၍ ပိသဂါတောင်ခြေရှိ အရာဗပင်လယ်တိုင်အောင်လည်းကောင်း သိမ်းပိုက်ခဲ့ကြ၏။
အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။