အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ယေဇကျေလ 47:11 - မြန်မာ့စံမီသမ္မာကျမ်း ရွှံ့နွံစိမ့်စမ်းတို့မှ ရေများမူကား ရေချိုဖြစ်လာမည်မဟုတ်။ ဆားငန်ရေပင် ဖြစ်နေလိမ့်မည်။ Common Language Bible သို့ရာတွင်ပင်လယ်သေကမ်းခြေဒေသရှိ ရွှံ့ဗွက်များနှင့်ရေအိုင်များ၌မူကားရေ မချိုဘဲဆားထွက်လိမ့်မည်။- Garrad Bible နီး စပ် သော စိမ့် ရှိ ရာ၊ အိုင် ရှိ ရာ များ မူ ကား၊ မ ချို ဘဲ ဆား ထွက် လိမ့် မည်။ Judson Bible ရွှံ့ဗွက်ရည်နှင့် ရွှံ့အိုင်ရေမူကား မချိုရ၊ အစဉ်ငန်ရလိမ့်မည်။ |
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ထိုသူသည် သဲကန္တာရရှိချုံပုတ်ကဲ့သို့ဖြစ်မည်။ ကောင်းကျိုးချမ်းသာကို ခံစားရမည်မဟုတ်။ ခြောက်သွေ့သောတောကန္တာရရှိ မည်သူမျှမနေထိုင်သောဆားမြေ၌ နေရလိမ့်မည်။
မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်တွင် သီးပင်စားပင်အမျိုးမျိုး ပေါက်ရောက်လိမ့်မည်။ သန့်ရှင်းရာဌာနမှစီးလာသော မြစ်ရေကို ရရှိသောကြောင့် အပင်တို့သည် အရွက်မညှိုးနွမ်း၊ အသီးလည်း မပြတ်။ လစဉ်အသီးသီးလိမ့်မည်။ အသီးသည် စားဖို့၊ အရွက်သည် အနာရောဂါပျောက်ကင်းဖို့ ဖြစ်လိမ့်မည်”ဟု ဆို၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။
အဘိမလက်သည် ထိုနေ့တစ်နေ့လုံး ထိုမြို့ကိုတိုက်ခိုက်ပြီး မြို့ကိုသိမ်းယူ၍ မြို့သားတို့ကို သတ်ပစ်၏။ မြို့ကိုဖျက်ဆီးပြီး ဆားနှင့် ပက်လေ၏။