ယေဇကျေလ 47:11 - Common Language Bible11 သို့ရာတွင်ပင်လယ်သေကမ်းခြေဒေသရှိ ရွှံ့ဗွက်များနှင့်ရေအိုင်များ၌မူကားရေ မချိုဘဲဆားထွက်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible11 နီး စပ် သော စိမ့် ရှိ ရာ၊ အိုင် ရှိ ရာ များ မူ ကား၊ မ ချို ဘဲ ဆား ထွက် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible11 ရွှံ့ဗွက်ရည်နှင့် ရွှံ့အိုင်ရေမူကား မချိုရ၊ အစဉ်ငန်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ရွှံ့နွံစိမ့်စမ်းတို့မှ ရေများမူကား ရေချိုဖြစ်လာမည်မဟုတ်။ ဆားငန်ရေပင် ဖြစ်နေလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။
လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-