သူတို့သည် ခွန်အားတိုးသည်ထက်တိုးလာလျက်၊ သွားကြလျက် ဇိအုန်၌ရှိတော်မူသောဘုရားသခင်ကို ဖူးမြင်ရကြပါလိမ့်မည်။
ယေဇကျေလ 46:9 - မြန်မာ့စံမီသမ္မာကျမ်း ပြည်သူပြည်သားတို့သည် သတ်မှတ်ထားသောပွဲတော်အချိန်တွင် ထာဝရဘုရားရှေ့တော်သို့ လာရောက်ပျပ်ဝပ်ရှိခိုးကြသောအခါ မြောက်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် တောင်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ တောင်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် မြောက်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ ဝင်လာသောမုခ်ဆောင်မှ ပြန်မထွက်ရ။ ဆန့်ကျင်ဘက်မုခ်ဆောင်မှ ထွက်ရမည်။ Common Language Bible ``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။- Garrad Bible ပြု မြဲ ပွဲ များ၌ ထာ ဝ ရ ဘု ရား ထံ တိုး ဝင် သော ပြည် သူ ပြည် သား တို့ သည်၊ မြောက် တံ ခါး ဖြင့် ရှိ ခိုး ရန် ဝင် ရောက် လျှင်၊ တောင် တံ ခါး ဖြင့်လည်း ကောင်း၊ တောင် တံ ခါး ဖြင့် ဝင် ရောက် လျှင်၊ မြောက် တံ ခါး ဖြင့်လည်း ကောင်း၊ ဝင် ရောက် ရာ တံ ခါး ဖြင့် မ ပြန် ဘဲ၊ တည့် တည့် သွား၍ ထွက် ကြ ရ မည်။ Judson Bible ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွှတ်ချခြင်းငှာ မြောက်တံခါးဖြင့် ဝင်သောသူသည် တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သောသူသည် မြောက်တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သောတံခါး တစ်ဖက်တစ်ချက်၌ရှိသော တံခါးဖြင့်ထွက်ရမည်။ |
သူတို့သည် ခွန်အားတိုးသည်ထက်တိုးလာလျက်၊ သွားကြလျက် ဇိအုန်၌ရှိတော်မူသောဘုရားသခင်ကို ဖူးမြင်ရကြပါလိမ့်မည်။
ယောက်ျားအပေါင်းတို့သည် အစ္စရေးလူမျိုး၏ဘုရားဖြစ်သော ထာဝရဘုရားသခင်ရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ် မျက်နှာလာပြရမည်။
သူတို့သည် မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။ သွားသောအခါ ဟိုဘက်သည်ဘက်မလှည့်ဘဲ ဝိညာဉ်တော်ညွှန်ပြရာသို့သာသွား၏။
သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မကွေ့ဘဲ သတ္တဝါတို့မျက်နှာမူရာ လေးဘက်လေးတန်သို့သာ သွားတတ်၏။
ဆိတ်ညံခဲ့သောမြို့တို့သည် သတ်မှတ်ထားသောပွဲတော်ကာလတွင် ဂျေရုဆလင်မြို့၌ ယဇ်ပူဇော်ရန်သိုးများနှင့် ပြည့်နှက်နေသကဲ့သို့ လူအုပ်များနှင့် ပြည့်နေလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ထို့နောက် သူသည် ငါ့ကို တောင်ဘက်သို့ခေါ်ဆောင်သွားရာ တောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိသည်ကို တွေ့ရ၏။ ထိုမုခ်ဆောင်၏တိုင်၊ ဆင်ဝင်တို့ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတူတူပင်ဖြစ်၏။
အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။
တစ်ဖန် ငါ့အား မြောက်ဘက်ရှိ ထာဝရဘုရား၏အိမ်တော်တံခါးဝသို့ ဆောင်သွားရာ ထိုနေရာ၌ မိန်းမတို့သည် တမ္မုဇနတ်ဘုရားအတွက် ထိုင်ငိုနေကြသည်ကို ငါတွေ့ရ၏။
ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။
အစ္စရေးလူမျိုးအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ မောရှေအား ငါမိန့်မှာခဲ့သည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များပါသော ငါ့အစေအပါးမောရှေ၏ပညတ်တရားကို အောက်မေ့ကြလော့။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်မည်။ သူသည် တွန့်ဆုတ်လျှင် ငါ၏စိတ်ဝိညာဉ်သည် သူ့ကိုနှစ်သက်မည်မဟုတ်”ဟူ၍ ဖော်ပြထား၏။