ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကိုယူဆောင်လာ၍ ကိုယ်တော်၏တံတိုင်းတော်များအတွင်းသို့ ဝင်ကြလော့။
ယေဇကျေလ 46:3 - မြန်မာ့စံမီသမ္မာကျမ်း ပြည်သူပြည်သားတို့သည်လည်း လဆန်းနေ့၊ ဥပုသ်နေ့တို့၌ ထိုမုခ်ဆောင်တံခါးဝတွင် ပျပ်ဝပ်ရှိခိုးကြရမည်။ Common Language Bible ဥပုသ်နေ့နှင့်လဆန်းနေ့ကျရောက်တိုင်း လူအပေါင်းတို့သည်တံခါးရှေ့မှနေ၍ ထာဝရဘုရားအားဦးညွှတ်ရှိခိုးရကြ မည်။- Garrad Bible ပြည် သူ ပြည် သား တို့ လည်း၊ ဥ ပုသ် နေ့၊ လ ဆန်း နေ့ များ ၌ ထို တံ ခါး ပေါက် အ နီး၊ ငါ ထာ ဝ ရ ဘု ရား ရှေ့ ရှိ ခိုး ကြ ရ မည်။ Judson Bible ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရားရှေ့တော်တွင် ဦးညွှတ်ချရကြမည်။ |
ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကိုယူဆောင်လာ၍ ကိုယ်တော်၏တံတိုင်းတော်များအတွင်းသို့ ဝင်ကြလော့။
ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။
ထိုသို့ နံ့သာပေါင်းမီးရှို့ပူဇော်သည့်အချိန်တွင် လူအစုအဝေးအပေါင်းတို့သည် အပြင်၌ဆုတောင်းနေကြ၏။
ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။