လောတသည် အာဗြံနှင့်ခွဲခွာသွားပြီးနောက် ထာဝရဘုရားက အာဗြံအား “ယခုမျှော်ကြည့်လော့။ သင်ရှိရာအရပ်မှ အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ကြည့်လော့။
ယေဇကျေလ 46:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ငါ့အား မုခ်ဆောင်ဘေးရှိဝင်ပေါက်မှတစ်ဆင့် မြောက်ဘက်ရှိ ယဇ်ပုရောဟိတ်တို့၏သန့်ရှင်းသောအခန်းများသို့ ခေါ်သွား၏။ အနောက်ဘက်စွန်းတွင် နေရာတစ်ခုရှိသည်ကို တွေ့ရ၏။ Common Language Bible ထိုနောက်ထိုလူသည်တံတိုင်းအတွင်းဝင်း ၏တောင်ဘက်တံခါးအနီး၌ရှိသောအခန်း များ၏အဝင်ဝသို့ငါ့အားခေါ်ဆောင်သွား ၏။ ဤအခန်းများသည်သန့်ရှင်းမြင့်မြတ် သည့်အခန်းများဖြစ်၍ယဇ်ပုရောဟိတ် တို့အဖို့သီးသန့်ထားလေသည်။ ထိုသူ ကငါ့အားအခန်းများ၏အနောက်သို့ ညွှန်ပြလျက်၊- Garrad Bible ထို့ နောက် တံ ခါး အ နီး ရှိ သော ဝင် ပေါက် ဖြင့် ပ ရော ဟိတ် တို့ သန့် ရှင်း ရာ မြောက် အ ခန်း စဉ် သို့ ငါ့ ကို ခေါ် သွား သော်၊ အ ခန်း စဉ် အ နောက် ကျော ဘက်၌ ဇ န ပုဒ် တစ် ခု ကို ပြ ပြီး လျှင်၊ Judson Bible ထိုနောက်မှ တံခါးအနား၌ရှိသောဝင်ဝဖြင့် ငါ့ကိုဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ်ပုရောဟိတ် သန့်ရှင်းသော အခန်းများထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တစ်ခုကို ငါမြင်၏။ |
လောတသည် အာဗြံနှင့်ခွဲခွာသွားပြီးနောက် ထာဝရဘုရားက အာဗြံအား “ယခုမျှော်ကြည့်လော့။ သင်ရှိရာအရပ်မှ အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ကြည့်လော့။
အဆောင်ခန်းများ၏မျက်နှာစာတွင် အလျားအတောင်တစ်ရာရှည်၍ အနံဆယ်တောင်ကျယ်သောလမ်းရှိ၏။ အခန်းတံခါးပေါက်များကား မြောက်ဘက်တွင်ရှိ၏။
အခန်းများ၏အောက်ခြေအရှေ့ဘက်တွင် အပြင်ဝင်းမှ အခန်းများသို့လာသော ဝင်ပေါက်ရှိ၏။