မာလိန်မှူးတို့အော်ဟစ်သံကြောင့် သင်ကျင်လည်ကျက်စားခဲ့သောနယ်မြေများ တုန်လှုပ်လေပြီ။
ယေဇကျေလ 45:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုမြေထဲမှ အလျားအတောင်ငါးရာ၊ အနံအတောင်ငါးရာ စတုရန်းပုံမြေကွက်သည် သန့်ရှင်းရာဌာနအဖို့ ဖြစ်ရမည်။ ထိုမြေကွက်၏ပတ်ပတ်လည်တွင် အတောင်ငါးဆယ်မြေကွက်လပ် ထားရှိရမည်။ Common Language Bible ဗိမာန်တော်အတွက်စတုရန်းရှစ်ရာလေး ဆယ်ပေရှိသောမြေကွက်ပါဝင်ရမည်။ ထို မြေကွက်ပတ်လည်တွင်အနံရှစ်ဆယ့်လေး ပေရှိသောမြေလပ်ရှိရမည်။- Garrad Bible ၎င်း အ တွင်း တွင် အ လျား အ နံ အ တောင် ငါး ရာ စီ စ တု ရန်း ဖြစ် သော မြေ ကွက် ကို၊ သန့် ရှင်း ရာ ဌာ န တော် အ ဖို့ ထား လျက်၊ ပတ် ဝန်း ကျင် အ နံ အ တောင် ငါး ဆယ် ကို လည်း မြေ လပ် ထား ကြ ရ မည်။ Judson Bible ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဖို့ ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသောနယ်လည်း အတောင်ငါးဆယ် ရှိရမည်။ |
မာလိန်မှူးတို့အော်ဟစ်သံကြောင့် သင်ကျင်လည်ကျက်စားခဲ့သောနယ်မြေများ တုန်လှုပ်လေပြီ။
ထိုသူသည် အိမ်တော်အတွင်းပိုင်းကို တိုင်းတာပြီးနောက် ငါ့အား အရှေ့ဘက်မုခ်ဆောင်တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ပတ်ပတ်လည်ကို တိုင်းတာ၏။
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သန့်ရှင်းရာဌာနအပြင်ဘက် အိမ်တော်၏သတ်မှတ်ထားသောနေရာတွင် မီးရှို့ရမည်။
မြေကိုအမွေခွဲဝေသောအခါ သင်တို့သည် ထိုမြေထဲမှ မြေတစ်ကွက်ကို သန့်ရှင်းသောအလှူအဖြစ် ထာဝရဘုရားအဖို့ ခွဲထားရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်း ရှိရမည်။ ထိုမြေပတ်ပတ်လည်နယ်နိမိတ်သည်လည်း သန့်ရှင်းရမည်။
ထိုသို့ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိသောမြေကို တိုင်းတာရမည်။ ထိုမြေတွင် သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနကို တည်ရမည်။