အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 45:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဧဖာ​နှင့်​ဗတ်​သည် အခြင်အတွယ်​တူ​ရ​မည်​။ တစ်​ဗတ်​သည် တစ်​ဟောမဲ​၏​ဆယ်ပုံတစ်ပုံ​၊ တစ်​ဧဖာ​သည်​လည်း တစ်​ဟောမဲ​၏​ဆယ်ပုံတစ်ပုံ ဖြစ်​ရ​မည်​။ ဟောမဲ​သည် စံ​အလေးချိန် ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

``ကုန်​ခြောက်​ကို​ခြင်​တွယ်​သည့်​ဧ​ဖာ​သည် အရည်​ကို​ခြင်​တွယ်​သည့်​ဗတ်​နှင့်​တူ​ညီ​ရ​မည်။ ဟောမဲ​ကို​အ​မှီ​ပြု​၍​ခြင်​တွယ်​ရ​သည်။ တစ်​ဟော​မဲ​တွင်​တစ်​ဆယ်​ဧ​ဖာ​သို့​မ​ဟုတ် တစ်​ဆယ်​ဗက်​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

ဟော မဲ အ ချင့် အ ဝင် အ လိုက်၊ ဆယ် ပုံ တစ် ပုံ ဝင် သော ဗတ် နှင့် ဧ ဖာ သည်၊ အ ချင်း ချင်း ညီ မျှ ရ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဧ​ဖာ​နှင့်​ဗတ်​သည် အ​ညီ​အ​မျှ​ရှိ​ရ​မည်။ နှစ်​ပါး​သည် ဟော​မဲ​ကို အ​မှီ​ပြု၍၊ ဧ​ဖာ​သည် တစ်​ဟော​မဲ​တွင် ဆယ်​စု​တစ်​စု၊ ဗတ်​သည်​လည်း တစ်​ဟော​မဲ​တွင် ဆယ်​စု​တစ်​စု​ရှိ​ရ​မည်။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 45:11
4 ပူးပေါင်းရင်းမြစ်များ  

ရေကန်​၏​ထု​မှာ လက်တစ်ဖဝါးစာ​ရှိ​၏​။ အနားသား​မှာ ခွက်ဖလား​အနားသား​နှင့်​တူ​ပြီး နှင်းပန်းပုံ ဖော်ထား​၏​။ ရေ ဗတ်​နှစ်ထောင် ဆံ့​၏​။


(​တစ်​ဩမဲ​ကား တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ဖြစ်​၏​။​)


စပျစ်ခြံ​ဆယ်​ဧက​သည် တစ်​ဗတ်​သာ ထွက်​မည်​။ မျိုးစေ့​တစ်​ဟောမဲ​သည် တစ်​ဧဖာ​သာ​ထွက်​မည်​။


လူ​တို့​သည် ထသွား​၍ ထို​နေ့​တစ်နေ့လုံး​၊ တစ်ညလုံး​၊ နောက်နေ့​တစ်နေ့လုံး ငုံး​များ​ကို​စုသိမ်း​ကြ​၏​။ အနည်းဆုံး​စုသိမ်း​သူ​ပင်လျှင် ဆယ်​ဟောမဲ ရရှိ​၏​။ သူ​တို့​သည် ငုံး​တို့​ကို တပ်စခန်း​ပတ်ပတ်လည်​၌ ဖြန့်ထား​ကြ​၏​။