သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။
ယေဇကျေလ 44:31 - မြန်မာ့စံမီသမ္မာကျမ်း ငှက်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အလိုလိုသေလျှင်၊ သို့မဟုတ် သားရဲကိုက်၍သေလျှင် ယဇ်ပုရောဟိတ်တို့မစားရ။ Common Language Bible ယဇ်ပုရောဟိတ်တို့သည်အလိုအလျောက် ဖြစ်စေ၊ သားရဲကိုက်၍သေသောငှက်သို့မ ဟုတ်တိရစ္ဆာန်၏အသားကိုဖြစ်စေမစား ရကြ'' ဟုမိန့်တော်မူ၏။ Garrad Bible လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ၊ စ သည် တို့ အ နက်၊ အို သေ၊ နာ သေ၊ သား ရဲ ကိုက် သေ အ ကောင် ကို၊ ပ ရော ဟိတ် တို့ မ စား ကြ ရ။ Judson Bible ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။ |
သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
ထိုအသေကောင်ကိုစားသောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုအသေကောင်ကို ကိုင်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ယောက်သည် အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကိုစားမိလျှင် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကို စားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်။ အမှန်စင်စစ် အရာခပ်သိမ်းတို့သည် စင်ကြယ်၏။ သို့သော် တစ်စုံတစ်ဦး၏စားသုံးခြင်းသည် သူတစ်ပါးအတွက်ခလုတ်တံသင်းဖြစ်လျှင် ထိုအမှုအရာသည် အပြစ်ဖြစ်၏။
ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကိုအား မမှားယွင်းစေရန် ငါသည် အသားကို ကာလအစဉ်အဆက် မည်သည့်အခါမျှ စားမည်မဟုတ်။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။