‘သူတို့ပိုင်ဆိုင်ရမည့်အမွေကား ငါပင်ဖြစ်၏။ အစ္စရေးလူမျိုးတို့တွင် သူတို့ကို အမွေမပေးရ။ ငါသာလျှင် သူတို့၏အမွေဖြစ်၏။
``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
ငါ သည် သူ တို့ အ မွေ ဆိုင် ဖြစ် သည့် အ လျောက်၊ အ မွေ ဆိုင် ရှိ ကြ လိမ့် မည်။ ငါ သည် သူ တို့ ပိုင် စု ဖြစ် သ ဖြင့်၊ ဣ သ ရေ လ ပြည် တွင် ပိုင် စု မ ရ ကြ။
ထိုအရာသည် ယဇ်ပုရောဟိတ်တို့၏အမွေဥစ္စာဖြစ်ရမည်။ ငါသည် သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလပြည်၌ သူတို့အား အမွေမြေကို မပေးရ။ ငါသည် သူတို့၏အမွေမြေဖြစ်၏။
ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရားထံအမှုတော်ကိုထမ်းဆောင်ဖို့လာသော၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် ယဇ်ပုရောဟိတ်တို့ နေစရာအိမ်ဆောက်ရာမြေ၊ သန့်ရှင်းရာဌာနတည်ရာသန့်ရှင်းသောမြေ ဖြစ်ရမည်။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “အစ္စရေးအမျိုးသားတို့ပြည်၌ သင်အမွေဆက်ခံရမည်မဟုတ်။ သင့်အတွက် ဝေစုရှိမည်မဟုတ်။ သူတို့တွင် ငါသည် သင့်ဝေစု၊ သင့်အမွေဖြစ်၏။
လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။)
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မပေး။ သူတို့အားထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်သည် သူတို့၏အမွေဖြစ်၏။
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မခွဲပေး။ သူတို့အား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားရှင်ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။