ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊
ယေဇကျေလ 44:24 - မြန်မာ့စံမီသမ္မာကျမ်း အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။ Common Language Bible အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။ Garrad Bible အ မှု ရှိ သ မျှ ကို ငါ့ ဆုံး ဖြတ် ချက် အ လိုက် ဆုံး ဖြတ် ခြင်း၊ ပြု မြဲ ပွဲ တော် ရှိ သ မျှ ကို၊ ငါ့ ဥ ပ ဒေ ချက် နှင့် ထုံး ဖွဲ့ ချက် အ လိုက် စောင့် ရှောက် ခြင်း၊ ဥ ပုသ် နေ့ တော် ကို သီး သန့် ထား ခြင်း များ ပြု ကြ ရ လ တ္တံ့။ Judson Bible တရားတွေ့မှုကို စီရင်လျှင်၊ ငါ၏ဓမ္မသတ်အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကိုလည်းကောင်း၊ ငါ၏ဥပုသ်နေ့တို့ကိုလည်းကောင်း စောင့်ရှောက်ရကြမည်။ |
ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။
ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသောဘုရားဖြစ်ကြောင်း သူတို့သိရှိရန် အမှတ်လက္ခဏာအဖြစ် ဥပုသ်နေ့ကို သတ်မှတ်ပေးခဲ့၏။
ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းလော့။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိစေဖို့ ဥပုသ်နေ့သည် ငါနှင့်သင်တို့ကြားတွင် အမှတ်လက္ခဏာဖြစ်၏’ဟု ငါဆိုခဲ့၏။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
ပြည်သူပြည်သားတို့သည် သတ်မှတ်ထားသောပွဲတော်အချိန်တွင် ထာဝရဘုရားရှေ့တော်သို့ လာရောက်ပျပ်ဝပ်ရှိခိုးကြသောအခါ မြောက်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် တောင်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ တောင်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် မြောက်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ ဝင်လာသောမုခ်ဆောင်မှ ပြန်မထွက်ရ။ ဆန့်ကျင်ဘက်မုခ်ဆောင်မှ ထွက်ရမည်။
အမှုအခင်းဖြစ်သော ထိုသူနှစ်ဦးသည် ထာဝရဘုရားရှေ့၊ ယဇ်ပုရောဟိတ်နှင့် ထိုအချိန်တွင် တရားသူကြီးဖြစ်သောသူတို့ရှေ့တွင် ရပ်ရမည်။
လေဝိသားမြေးယဇ်ပုရောဟိတ်တို့လည်း လာရမည်။ အကြောင်းမူကား သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်ရန်၊ ထာဝရဘုရား၏နာမတော်၌ ကောင်းချီးပေးရန် သူတို့ကို ရွေးကောက်ထားတော်မူသည်ဖြစ်၍ သူတို့သည် အမှုအခင်းရှိသမျှ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရှိသမျှကို စီရင်ရ၏။
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။