အထွတ်အမြတ်ထားရာကုန်းမြင့်များမှ ယဇ်ပုရောဟိတ်တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်သို့ တက်ခွင့်မရှိသော်လည်း တဆေးမဲ့မုန့်ကိုမူ ညီအစ်ကိုတို့နှင့်အတူ စားခွင့်ရကြ၏။
ယေဇကျေလ 44:13 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့အမှုတော်ထမ်းဖို့ ငါ့ထံမလာရ၊ သန့်ရှင်းသောအရာတို့နားသို့ မလာရ၊ အသန့်ရှင်းဆုံးဌာနထဲသို့ မဝင်ရ။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် အသရေပျက်ခြင်း ခံရမည်။ Common Language Bible သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ ၏အမှုတော်ကိုမဆောင်ရွက်ရကြ။ သန့်ရှင်း မြင့်မြတ်ရာတစ်စုံတစ်ခုအနားသို့မျှ လည်းမချဉ်းမကပ်ရကြ။ အလွန်သန့်ရှင်း ရာဌာနတော်သို့လည်းမဝင်ရကြ။ ဤ အပြစ်ဒဏ်ကားသူတို့ပြုခဲ့သည့်စက်ဆုပ် ဖွယ်ရာအမှုများအတွက်ဖြစ်၏။- Garrad Bible ငါ့ ရှေ့ တွင် ပ ရော ဟိတ် အ မှု ကို ဆောင် ရွက် ရန် တိုး ဝင် ခွင့်၊ အ ထူး သီး သန့် ရာ များ မှ စ သော၊ သီး သန့် ရာ တစ် စုံ တစ် ခု သို့ မျှ ဝင် ရောက် ခွင့် မ ရ ဘဲ၊ ကိုယ့် ရှက် ဝန် နှင့်၊ ပြု မိ သော ရွံ ရှာ ဖွယ် မှု ဝန် ကို ထမ်း လျက်၊ Judson Bible ယဇ်ပုရောဟိတ်လုပ်၍ ငါ့ထံသို့မချဉ်းကပ်ရကြ။ အလွန်သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်း၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ခံရကြမည်။ |
အထွတ်အမြတ်ထားရာကုန်းမြင့်များမှ ယဇ်ပုရောဟိတ်တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်သို့ တက်ခွင့်မရှိသော်လည်း တဆေးမဲ့မုန့်ကိုမူ ညီအစ်ကိုတို့နှင့်အတူ စားခွင့်ရကြ၏။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
သင်သည် သင့်အစ်မ၊ သင့်ညီမတို့ကို ပြန်လည်လက်ခံသောအခါ သင်ပြုခဲ့သောအမှုများကိုပြန်သတိရ၍ ရှက်လိမ့်မည်။ သို့သော် သင်နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်အားဖြင့်မဟုတ်သော်လည်း ထိုသူတို့ကို သင့်အား သမီးများအဖြစ် ငါပေးမည်။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
အီဂျစ်ပြည်နှင့် သူ၏လူအလုံးအရင်းကို ဓားဘေးသို့ အပ်လိုက်ပြီ။ သူတို့သည် ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ သေရမည်ဖြစ်၍ သူတို့ကို ဆွဲထုတ်သွားလော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင့်ဝန်းကျင်ရှိလူမျိုးတို့သည် ကိုယ်တိုင်အရှက်တကွဲဖြစ်ရလိမ့်မည်ဟု ငါကျိန်ဆိုပြီ။
သူတို့၏နေရင်းပြည်တွင် ခြိမ်းခြောက်မည့်သူမရှိ ဘေးကင်းလုံခြုံစွာနေရသောအခါ သူတို့အရှက်ကွဲခဲ့ရသည်ကိုလည်းကောင်း၊ ငါ့အပေါ်သစ္စာမဲ့၍ ဖောက်ပြန်မှားယွင်းခဲ့ကြသည်ကိုလည်းကောင်း မေ့လျော့ကြလိမ့်မည်။
သူတို့သည် သင်နှင့်ဆိုင်သောအလုပ်၊ တဲတော်တစ်ခုလုံးနှင့်ဆိုင်သောအလုပ်တို့ကို ဆောင်ရွက်ရမည်။ သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့်ယဇ်ပလ္လင် အနီးသို့မလာရ။ လာမိလျှင် သင်နှင့်အတူ သူတို့ပါ သေကြရမည်။